Thursday, October 2, 2025

🌸 ပင်လောင်းမြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြား ၉ သောင်းကျော်နှင့် ဘိန်းစိမ်းများ ဖမ်းမိ

.

တောင်ကြီး၊ အောက်တိုဘာ ၃

.

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်တွင် စက်တင်ဘာလ ၃၀ ရက်၊ ညနေပိုင်းက စိတ်ကြွရူးသွပ်ဆေးပြား ၉ သောင်းကျော်နှင့် ဘိန်းစိမ်းများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

.

.

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် စက်တင်ဘာလ ၃၀ ရက်၊ ညနေ ၅ နာရီ အချိန်ခန့်က သက်သေများနှင့်အတူ ပင်လောင်းမြို့နယ်၊ လိန်းလီကျေးရွာအနီးတွင် မော်တော်ယာဉ်များအား စစ်ဆေးရှာဖွေစဉ် မီးယု မောင်းနှင်ပြီး မလောက်စင်း လိုက်ပါလာသည့် TOYOTA LANDCRUISER အမျိုးအစား မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင် သိုဝှက်သယ်ဆောင်လာသော စိတ်ကြွရူးသွပ်ဆေးပြား ၉၄,၀၀၀ ပြား (ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၄၇၀)၊ ဘိန်းစိမ်း အလေးချိန် ၁၇ ဒသမ ၆ ကီလို (ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၅၂ ဒသမ ၈ သိန်း)တို့အား သိမ်းဆည်းရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။