.
ကျိုင်းတုံ၊ ဒီဇင်ဘာ ၁၈
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့တွင် ယနေ့
ဒီဇင်ဘာလ ၁၈ ရက်၊ နေ့လယ်ပိုင်းက အိမ်စီးကားတစ်စီး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
.
.ကျိုင်းတုံမြို့၊ ရပ်ကွက် (၂)၊ မိုင်တိုင်အမှတ်
(၃၉၄/၄)နှင့် (၃၉၄/၅) အကြားတွင် ယနေ့ ဒီဇင်ဘာလ ၁၈ ရက်၊ နေ့လယ် ၁၁ နာရီခန့်က PAJERO
အမျိုးအစား အဖြူရောင် အိမ်စီးကားတစ်စီး မီးလောင်မှုဖြစ်ပွားခဲ့ခြင်း
ဖြစ်ပြီး မီးလောင်မှုဖြစ်ပွားရာသို့ ကျိုင်းတုံခရိုင်/မြို့နယ်မီးသတ်စခန်းမှ
မီးငြှိမ်းသတ်ယာဉ် ၁ စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊
အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ၁၁ ၁၁ အချိန်တွင် မီးငြိမ်းသွားခဲ့ကြောင်း
မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားသည်။
