.
တောင်ကြီး၊ မတ် ၂၂
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ နမ့်ဆီးကျေးရွာအုပ်စု၊ တောင်ကြီး-ပင်ငိုသွားလမ်းတွင် ယနေ့ မတ်လ ၂၂ ရက်၊ ညနေ ၃ နာရီခန့်က အမျိုးသား ၂ ဦး ဓါတ်လိုက်သေဆုံးခဲ့ ကြောင်း သိရသည်။
.
.
တောင်ကြီးမြို့နှင့် ၅ မိုင်ခန့်အကွာ၊ တောင်ကြီး-ပင်ငိုသွားလမ်းရှိ တောင်ကြီး-ဟိုပုံး သွယ်တန်းထားသည့် ဗို့အား ၁၁၀၀၀ ရှိ လျှပ်စစ်ဓာတ်မီးတိုင်မှ မီးကြိုးတစ်ချောင်းသည် လေတိုက်ခတ်မှုကြောင့် မြေပြင်နှင့် ၃ ပေ အကွာအထိ လျှော့ကျနေချိန်တွင် ပင်ငိုကျေးရွာနေ ခွန်ကျော်ထူး မောင်းနှင်ပြီး ခွန်ဖြိုးအောင် လိုက်ပါစီးနင်း လာသည့် မော်တော်ဆိုင်ကယ်သည် လျှပ်စစ်ဓါတ်ကြိုးအား ဝင်ရောက်ချိတ်မိရာမှ သေဆုံးခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်၊

