Friday, February 27, 2026

🌸 တောင်ကြီး အထက (၁) ကျောင်းက သိမ်းဆည်းထားသော ဖုန်းနှင့် အခြားပစ္စည်းများအား မိဘများထံ ပြန်လည်ပေးအပ်

.

တောင်ကြီး၊ ဖေဖော်ဝါရီ ၂၈

.

ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသာများ ထံမှ သိမ်းဆည်းထားသည့် လက်ကိုင်ဖုန်းနှင့် အခြား ကျောင်းသားနှင့် မသက်ဆိုင်သည့် ပစ္စည်းများကို ယမန်နေ့ ဖေဖော်ဝါရီလ ၂၇ ရက်က မိဘအုပ်ထိန်းသူများထံ ပြန်လည်ပေးအပ်ခဲ့သည်ဟု သိရသည်။

.



.

ထိုသို့ ပေးအပ်ရာတွင် မိဘအုပ်ထိန်းသူများကို ခေါ်ယူတွေ့ဆုံပြီး အကြောင်းအရင်း ဖြစ်စဉ်များနှင့် ကျောင်းစည်းကမ်းပါ အချက်များကို ရှင်းလင်း ပြောကြားပြီး ဝန်ခံကတိဖြင့် ပြန်လည်ပေးအပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။