Monday, March 16, 2026

🌸 ရှမ်းပြည်နယ် အပါအဝင် တိုင်းနှင့်ပြည်နယ်အချို့တွင် မိုးရွာသွန်းခြင်းနှင့် လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်

.

တောင်ကြီး၊ မတ် ၁၇

.

ရှမ်းပြည်နယ်အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် ယနေ့ မတ်လ ၁၇ ရက်၌ မိုးရွာသွန်းခြင်း၊ လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း မိုး/ဇလ က ယမန်နေ့ မတ်လ ၁၆ ရက် ညပိုင်းတွင် သတိပေး နှိုးဆော်ထားသည်။

.

.

တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် ယနေ့ မတ်လ ၁၇ ရက်၌ မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းစသည့် မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်သဖြင့် ကြိုတင်သတိပြုကြရန် မိုး/ဇလက ထုတ်ပြန်ထားသည်။

🌸 တောင်ကြီးမြို့တော် မဟာသင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်

.

တောင်ကြီး၊ မတ် ၁၆

.

ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့တွင် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

.

.

“ယိမ်းပြိုင်ပွဲတွေလုပ်မယ်။ လမ်းလျှောက်သင်္ကြန်လုပ်မယ်။ အင်းလေးရေပေါ်သင်္ကြန်လုပ်မယ်။ စတုဒိသာ ကျွေးတာတွေ လုပ်မယ်။ ရှမ်းပြည်နယ်ဝန်ကြီးဌာန မဏ္ဍပ်တွေ မိန်းလမ်းပေါ်မှာလုပ်မယ်။ အဓိက ကတော့ ရိုးရာယဉ်ကျေးမှု မပျောက်ပျက်အောင် စည်ကားသိုက်မြိူက်စွာ ကျင်းပပြုလုပ်သွားမှာပါ” ဟု တာဝန်ရှိသူ တစ်ဦးက ပြောသည်။

🌸 တက္ကသိုလ်ဝင်စာမေးပွဲ ပဉ္စမနေ့တွင် ရှမ်းပြည်နယ်အတွင်း ပျက်ကွက်သူ ၇၃၇ ဦး ရှိ

.

၂၀၂၆ ခုနှစ် ၊ မတ်လ ၁၆ ရက်

.

၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ပဉ္စမနေ့အဖြစ် သမိုင်းဘာသာရပ်နှင့် ရူပဗေဒဘာသာရပ်များကို ယနေ့ မတ်လ ၁၆ ရက်၊ နံနက်ပိုင်းက ရှမ်းပြည်နယ်အတွင်းရှိ စာဖြေဌာနအသီးသီးတွင် ဆက်လက်ဖြေဆိုခဲ့ရာ ရှမ်းပြည်နယ် တစ်ခုလုံး အတိုင်းအတာအနေဖြင့် ပျက်ကွက်သူ ၇၃၇ ဦး ရှိခဲ့ကြောင်း သိရသည်။

.

.

ရှမ်းပြည်နယ်တစ်ခုလုံးတွင် ဘာသာရပ် ၂ ခုပေါင်း စာရင်းပေးထားသူ ကျောင်းသား/သူ ၁၇၇၆၁ ဦး ရှိသည့်အနက် ကျောင်းသား/သူ ၁၇၀၂၄ ဦး လာရောက်ဖြေဆိုခဲ့ပြီး စုစုပေါင်း ဖြေဆိုသူ ရာခိုင်နှုန်း ၉၅ ဒသမ ၈၅ ရာခိုင်နှုန်းရှိကာ ပျက်ကွက်သူ စုစုပေါင်း ၇၃၇ ဦး ရှိခဲ့သည်။