Thursday, February 19, 2026

🌸 နိုင်ငံရေးပြဿနာများအား ဆွေးနွေးခြင်းနည်းလမ်းဖြင့် တွေ့ဆုံညှိနှိုင်း ဖြေရှင်းသွားမည်ဟု RCSS/SSA ထုတ်ပြန်

.

တောင်ကြီး၊ ဖေဖော်ဝါရီ ၂၀

.

နိုင်ငံရေး ပြဿနာများအား ဆွေးနွေးခြင်း နည်းလမ်းဖြင့် အခြားအဖွဲ့အစည်းများ အဖက်ဖက်တို့နှင့် တွေ့ဆုံ ညှိနှိုင်း ဖြေရှင်းသွားမည်ဖြစ်ကြောင်း ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော် (RCSS/SSA) က ထုတ်ပြန်ကြေညာခဲ့သည်ဟု သိရသည်။

.

.

RCSS ၏ (၂၆) ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေးကို ဖေဖော်ဝါရီလ ၁၆ ရက်မှ ၁၇ ရက်အထိ လည်းကောင်း၊ စတုတ္ထအကြိမ်မြောက် ကောင်စီကွန်ဂရက်ကို ဖေဖော်ဝါရီလ ၁၈ ရက်တွင် လည်းကောင်း RCSS ဗဟိုဌာနချုပ် လွယ်တိုင်းလျဲန်၌ ကျင်းပခဲ့ပြီး ကောင်စီကွန်ဂရက် အပြီးတွင် ထုတ်ပြန်ကြေညာချက် တစ်စောင်ကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

🌸 လားရှိုးတွင် စိတ်ကြွရူးသွပ်ဆေးပြား သုံးသောင်း ဖမ်းမိ

.

လားရှိုး၊ ဖေဖော်ဝါရီ ၂၀

.

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့တွင် ဖေဖော်ဝါရီလ ၁၈ ရက်၊ နေ့လယ်ပိုင်းက စိတ်ကြွရူးသွပ် ဆေးပြား ၃၀၀၀၀ အား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

.

.

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဖေဖော်ဝါရီလ ၁၈ ရက်၊ နေ့လယ် ၁၂ နာရီခန့်က သတင်းအရ သက်သေများနှင့်အတူ လားရှိုးမြို့၊ အမှတ်(၈)ရပ်ကွက်တွင် သိန်းမောင် မောင်းနှင်လာသည့် TOYOTA CROWN အမျိုးအစား မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေး ရှာဖွေရာ ယာဉ်ပေါ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၃၀,၀၀၀ ပြား၊ ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၁၅၀ အား တွေ့ရှိသိမ်းဆည်း ရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။