.
တောင်ကြီး၊ ဇန်နဝါရီ ၂၀
.
တောင်ကြီးမြို့၊ အမှတ် (၅) ဈေး၊
ဟင်းသီးဟင်းရွက်နှင့် သားငါးဈေး တောင်ဘက်၊ နန်းသီတာလမ်း ပေါ်တွင် ချောင်းသဲများဖြင့်
လမ်းခင်းထားမှုကြောင့် ဈေးရောင်း၊ ဈေးဝယ်သူများနှင့် ဒေသခံများအတွက် အဆင်မပြေ
ဖြစ်ပေါ်နေရကြောင်း သိရသည်။
.
.“အမှတ် (၅) ဈေးထဲမှာ သဲတွေ၊ ဖုန်တွေနဲ့။
ဟင်းသီးဟင်းရွက်တွေ၊ အားအသောက်တွေလည်း အကုန်လုံး ဖုန်တွေတက်၊ စားလို့မဖြစ်တော့ဘူး။
ဒီသဲမှုန့်တွေကြောင့် လူတွေ အဆုတ်ရောဂါ၊ မျက်စိရောဂါတွေ ဖြစ်မှာ စိုးရိမ်ရပါတယ်”
ဟု အမှတ် (၅) ဈေးအတွင်း ဈေးရောင်းချနေသူတစ်ဦးက ရှမ်းဂေဇက်သို့ ပြောသည်။
