.
ဟိုပုံး၊ ဖေဖော်ဝါရီ ၂၇
.
ရှမ်းပြည်နယ်တောင်ပိုင်း၊
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ လုံခုတ်ကျေးရွာအုပ်စု
အတွင်းရှိ ကျူးကျော်နေထိုင်သူများကို အင်အားသုံး ဖယ်ရှားရှင်းလင်း ဆောင်ရွက်
သွားမည်ဟု ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့က အကြောင်းးကြားစာ
ပေးပို့ထားကြောင်း သိရသည်။
.
.လုံခုတ်ကျေးရွာအုပ်စုအတွင်းရှိ မြေနေရာ ၅၆၁ ဒသမ
၇၅ ဧကကို ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဝင် ဦးခွန်လှသိန်း က ၂၀၂၁
ခုနှစ်၊ ဧပြီလ ၂ ရက်တွင် မြို့မြေ တိုးချဲ့ရန်အတွက် မြေလွတ် မြေလပ် နှင့်
မြေရိုင်းများ စီမံခန့်ခွဲရေး ဗဟိုကော်မတီသို့ တင်ပြတောင်းခံခဲ့ရာ ယင်းနှစ်၊
နိုဝင်ဘာလ ၁၁ ၇က်တွင် နှစ်ပေါင်း ၃၀ လုပ်ကိုင်ခွင့် ရရှိထားပြီးဖြစ်ကြောင်း
သိရသည်။

.jpg)