Monday, March 23, 2026

🌸 ကွန်ဟိန်းမြို့နယ်တွင် ငွေကျပ်သိန်း ၈၄၀၀ တန်ဖိုးရှိ ဘိန်းဖြူဘလောက်တုံးများအား သယ်ဆောင်လာသူများနှင့်အတူ ဖမ်းမိ

.

ကွန်ဟိန်း၊ မတ် ၂၃

.

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကွန်ဟိန်းမြို့နယ်တွင် မတ်လ ၁၉ ရက်၊ နံနက်ပိုင်းက ငွေကျပ် သိန်း ၈၄၀၀ တန်ဖိုးရှိ ဘိန်းဖြူဘလောက်တုံးများအား သယ်ဆောင်လာသူများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

.

.

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် မတ်လ ၁၉ ရက်၊ နံနက် ၇ နာရီခွဲခန့်က ကွန်ဟိန်းမြို့နယ်၊ ဆိုင်းမွန်ကျေးရွာအနီး၊ ကွန်ဟိန်း-ခိုလမ်သွားကားလမ်းတွင် မော်တော်ယာဉ် များအား စစ်ဆေးရှာဖွေစဉ် စိုင်းလိန်ခမ်း မောင်းနှင်ပြီး စိုင်းဆိုင်ဝမ်း လိုက်ပါလာသည့် TOYOTA PROBOX အမျိုးအစား မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင် သိုဝှက် သယ်ဆောင်လာသော ဘိန်းဖြူဘလောက်တုံး ၂၀၀ တုံး၊ အလေးချိန် ၇၀ ကီလို၊ ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၈၄၀၀ အား တွေ့ရှိသိမ်းဆည်းရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။