.
တောင်ကြီး၊ ဖေဖော်ဝါရီ ၁၆
.
အမျိုးသားစာပေ တစ်သက်တာဆုရ ဦးသိန်းသန်းထွန်း၏ “မပန်းပွင့်မိုး
နှင့် အခြားကဗျာများ” စာအုပ် မိတ်ဆက်ပွဲနှင့် သက်ကြီးစာပေပညာရှင်များ ပူဇော်ကန်တော့ပွဲကို
ယနေ့ ဖေဖော်ဝါရီလ ၁၆ ရက်၊ နံနက်ပိုင်းက တောင်ကြီးမြို့၊ လူထုအခြေပြုဗဟိုဌာန၊ ဘက်စုံသုံးခန်းမတွင်
ကျင်းပြုလုပ်ခဲ့ကြောင်း သိရသည်။
.
.အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေးရာဝန်ကြီး
ဦးမင်းမင်းလွင်နှင့် မြန်မာနိုင်ငံ စာရေးဆရာအသင်း ဥက္ကဋ္ဌ ဦးအုန်းမောင် (မြင်းမူ-မောင်နိုင်မိုး)
တို့က အမှာစကားများ အသီးသီးပြောကြား ခဲ့ပြီး မြန်မာနိုင်ငံစာရေးဆရာအသင်း (ဗဟို) မှ
ပေးအပ်သော အလှူငွေနှင့် ပစ္စည်းများကို ကန်တော့ခံ သက်ကြီး စာရေးဆရာကြီး၊ ဆရာမကြီးများဖြစ်သည့်
အမျိုးသားစာပေ တစ်သက်တာဆုရ ဦးသိန်းသန်းထွန်း၊ စာရေးဆရာမကြီး အင်းလေးသန္တာခင်နှင့် စာရေးဆရာ
မောင်ရွှေနွယ်-အင်းလေး တို့ကို အသီးသီး ပေးအပ် လှူဒါန်းခဲ့ကြောင်း သိရသည်။
.jpg)