Sunday, March 15, 2026

🌸 ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌအဖြစ် ဦးခင်ရီ တင်မြှောက်ခံရ

.

တောင်ကြီး၊ မတ် ၁၆

.

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌအဖြစ် ဦးခင်ရီနှင့် ဒုတိယဥက္ကဋ္ဌအဖြစ် ဦးမောင်မောင်အုန်းတို့ ရွေးချယ်တင်မြှောက် ခံရကြောင်း သိရသည်။

.

.

တတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမအစည်းအဝေးကို ယနေ့ မတ်လ ၁၆ ရက်၊ နံနက်ပိုင်းက နေပြည်တော်ရှိ ပြည်သူ့လွှတ်တော် အစည်းအဝေးခန်းမတွင် ကျင်းပနေခြင်းဖြစ်သည်။

.

#ShanGazette #Hluttaw

.

🌸 အေးသာယာနှင့် ‌ရွှေညောင်တွင် စိတ်ကြွမူးယစ်ဆေးပြားများ ဖမ်းမိ

.

တောင်ကြီး၊ မတ် ၁၅

.

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့နှင့် ရွှေ‌ညောင်မြို့တို့တွင် မတ်လ ၁၂ ရက်က စိတ်ကြွမူးယစ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

.

.

မူးယစ်ဆေးဝါး တားဆီးရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့၀င်များနှင့် ပူးပေါင်းအဖွဲ့သည် မတ်လ ၁၂ ရက်၊ နေ့လယ် ၁ နာရီ အချိန်ခန့်က ရွှေညောင်မြို့၊ မင်္ဂလာအောင်မြေရပ်ကွက်၊ ပေါ်ကျွဲလမ်းနေ ကျော်ဝင်းနိုင်၏ နေအိမ်အား သက်သေများနှင့်အတူ ဝင်ရောက်ရှာဖွေရာ နေအိမ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀၀ ပြား၊ ကာလ တန်ဖိုး ၁၀ သိန်းကျပ်အား တွေ့ရှိသိမ်းဆည်း ရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။