.
မူဆယ်၊ ဒီဇင်ဘာ ၂၀
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့တွင် ယမန်နေ့
ဒီဇင်ဘာလ ၁၉ ရက်၊ နံနက်ပိုင်းက တန်ဖိုးငွေကျပ် ၂၂၃ ခန့် တန်ဖိုးရှိ ဘိန်းဖြူနှင့် စိတ်ကြွရူးသွပ်ဆေးပြားများ
ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
.မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ
တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာလ ၁၉ ရက်၊ နံနက် ၁၀၅၀ အချိန်ခန့်က သက်သေများနှင့်အတူ
မူဆယ်မြို့၊ ကောင်းမှုတုံရပ်ကွက်နေ ထွန်းထွန်းနိုင် ၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ
နေအိမ်အတွင်းမှ ဘိန်းဖြူ အလေးချိန် ၃၇၀ ဂရမ်၊ ဒေသကာလတန်ဖိုး ငွေကျပ် ၅၅.၅ သိန်း၊
စိတ်ကြွရူးသွပ်ဆေးပြား ၁၆,၇၅၀ ပြား၊ ဒေသကာလတန်ဖိုးငွေကျပ်
၁၆၇.၅ သိန်း အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
