Sunday, February 22, 2026

🌸 တောင်ကြီးမြို့ပေါ်ရှိ ရေစုကန်များ ရေစတင်ကျဆင်းလာနေ

.

တောင်ကြီး၊ ဖေဖော်ဝါရီ ၂၃

.

ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့ပေါ်ရှိ သောက်သုံးရေ စုကန်များတွင် ယခုရက်ပိုင်းမှစ၍ စုဆောင်း ရေများ စတင်ကျဆင်းလာနေကြောင်း သိရသည်။

.

.

တောင်ကြီးမြို့ပေါ်တွင် ရေစုကန်များအဖြစ် ရုရှားကန်၊ မြကန်သာရေကန်နှင့် အနောက်မြို့ပတ်လမ်းအနီးရှိ ဂနိုင်ရေကန် အမှတ် (၁)၊ (၂)၊ (၃) တို့ရှိနေပြီး အဆိုပါရေစုကန်များတွင် ယခုဖေဖော်ဝါရီလ နောက်ဆုံးပတ် ခန့်မှ စတင်၍ စုဆောင်းရေများ ကျဆင်းလာနေခြင်း ဖြစ်ကြောင်း သိရသည်။