.
တောင်ကြီး၊ အောက်တိုဘာ ၂၁
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ တောင်ကြီး-ဟိုပုံးသွားလမ်း၊
(၈) မိုင်အနီးတွင် ယနေ့ အောက်တိုဘာလ ၂၁ ရက်၊ နေ့လယ်ပိုင်းက လမ်းဘေး၌ရပ်ထားသော ကုန်တင်ယာဉ်ကို
ဆီဘောက်ဆာ ယာဉ်မှ ဝင်ရောက်တိုက်မိပြီး တစ်ဦး သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
.
.“၈ မိုင် တိုးလ်ဂိတ်မရောက်ခင် နောင်လံဘုန်းကြီးကျောင်းနားမှာ
ဖြစ်တာပါ။ ရှေ့ကရပ်ထားတဲ့ ကုန်ကားကို ဆီဘောက်ဆာက နောက်ကနေ ဝင်တိုက်တာပါ။ တစ်ယောက်သေတယ်လို့
ကြားပါတယ်။ ကားသမား ကတော့ ထွက်ပြေးသွားတယ်” ဟု ဒေသခံတစ်ဦးက ရှမ်းဂေဇက်သို့ ပြောသည်။
