.
တောင်ကြီး၊ အောက်တိုဘာ ၂၂
.
၂၀၂၅ ခုနှစ်၊ တောင်ကြီးမြို့တော် တန်ဆောင်တိုင်ပွဲတော်
မီးပုံးပျံပြိုင်ပွဲတွင် ကမ္ဘောဇဘဏ်လီမိတက်အုပ်စု နှင့် မိတ်ဖက်ကုမ္ပဏီများက ညမီးကြီးနှင့်
စိန်နားပန်မီးပုံးပျံ စုစုပေါင်း ၂၃ လုံး ပူဇော်လွှတ်တင် ပြိုင်ပွဲဝင် သွားမည်ဖြစ်ကြောင်း
သိရသည်။
.
.မီးပုံးပျံပြိုင်ပွဲတွင် ကမ္ဘောဇအုပ်စုအပြင် မိတ်ဖက်ကုမ္ပဏီ၊
လုပ်ငန်းများဖြစ်သော ဆန္ဒမွန်ဆေးရုံ၊ U9၊ ရှမ်းပြည်နယ်တောင်ပိုင်းစက်သုံးဆီအသင်း၊
Cherry Oo၊ Shake Shake Soju တို့က ညမီးကြီးမီးပုံးပျံ
၉ လုံးနှင့် စိန်နားပန်မီးပုံးပျံ ၁၄ လုံး၊ စုစုပေါင်း ၂၃ လုံး လွှတ်တင်ပူဇော်သွားမည်ဖြစ်ကြောင်း
သိရသည်။
