.
မူဆယ်၊ ဖေဖော်ဝါရီ ၁၅
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့တွင် ဖေဖော်ဝါရီလ
၁၂ ရက်၊ နံနက်ပိုင်းက ငွေကျပ် သိန်း ၂၀၀၀ ကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများအား
ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
.မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ
တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သက်သေ များနှင့်အတူ ဖေဖော်ဝါရီလ ၁၂ ရက်၊ နံနက်
၁၁ နာရီခန့်က မူဆယ်မြို့၊ စွမ်စော်ရပ်ကွက်၊ မူဆယ်-နမ့်ခမ်းသွား
ကားလမ်းတွင် မော်တော်ယာဉ်များအား စစ်ဆေးရှာဖွေစဉ် လမောင်ဆိုင်းအောင်(ခ)ဆိုင်းအောင်
မောင်းနှင်လာသည့် TOYOTA LANDCRUISER အမျိုးအစား
မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင် သိုဝှက်သယ်ဆောင်လာသော
စိတ်ကြွရူးသွပ်ဆေးပြား ၄၀၂,၀၀၀ ပြား၊ ဒေသကာလတန်ဖိုးငွေကျပ်သိန်း
၂,၀၁၀ အား တွေ့ရှိသိမ်းဆည်းရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။



