.
တောင်ကြီး၊ ဇန်နဝါရီ ၂၈
.
ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့လယ်ရှိ City
Square ဈေးဝယ်စင်တာ ပတ်လည်တွင် မော်တော်ဆိုင်ကယ် ယာဉ်ရပ်နားခကောက်ခံမှုနှင့်ပတ်သက်၍
မြို့ပေါ်နေ ပြည်သူများအကြား ဝေဖန်မှုများ ရှိနေကြောင်း သိရသည်။
.
ယခင်က မော်တော်ဆိုင်ကယ်တစ်စီးလျှင် ရပ်နားခ ၅၀၀
ကျပ်သာ ပေးရသော်လည်း လွန်ခဲ့သည့် ၂ လခန့် မှစတင်ကာ ရပ်နားခအဖြစ် တစ်စီးလျှင် ၁၀၀၀
ကျပ် ကောက်ခံနေပြီး ပျောက်ဆုံးပျက်စီးမှုနှင့် ပတ်သက်၍ မည့်သည့် တာဝန်ယူ တာဝန်ခံမှု
မရှိကြောင်း မြို့ခံများက ဝေဖန်ပြောဆိုနေကြခြင်းဖြစ်သည်။

