.
လွိုင်လင်၊ ဇန်နဝါရီ ၁၇
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်၊ လွိုင်လင်-နမ့်စန်
ပြည်ထောင်စုလမ်းမပေါ်တွင် ယနေ့ ဇန်နဝါရီလ ၁၇ ရက်၊ နံနက်ပိုင်းက ခရီးသည်တင်ယာဉ်တစ်စီး
တိမ်းမှောက်ပြီး အမျိုးသားတစ်ဦး သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
.
.နမ့်စန်မြို့နယ်၊ လွိုင်လင်-နမ့်စန် ပြည်ထောင်စုလမ်းမကြီး၊
မိုင်တိုင်အမှတ် (၁၇၇/၁) နှင့် (၁၇၇/၂) အကြား တွင် ယနေ့ ဇန်နဝါရီလ ၁၇ ရက်၊ နံနက်
၁၀ နာရီအချိန်ခန့်က ခရီးသည်တင်ယာဉ်တစ်စီး ချောက်ထဲထိုးကျ တိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း
သိရသည်။
