Thursday, January 29, 2026

🌸 တာချီလိတ်မြို့နယ်တွင် မူးယစ်ဆေးသယ်ဆောင်သူ အုပ်စုကို ပစ်ခတ်ဖမ်းဆီး

.

🌸 ငွေကျပ်သိန်းပေါင်း ၆ သောင်းကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းမိ

.

တာချီလိတ်၊ ဇန်နဝါရီ ၃၀

.

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်တွင် ယမန်နေ့ ဇန်နဝါရီလ ၂၉ ရက်၊ ညနေပိုင်းက မူးယစ် ဆေးဝါး သယ်ဆောင်သူအုပ်စုတစ်စုကို ပစ်ခတ်ဖမ်းဆီးစဉ် တစ်ဦးကို ဖမ်းမိပြီး စုစပေါင်း တန်ဖိုး ငွေကျပ် သိန်း ၆၀၀၆၀ သိန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့် ပစ္စတိုသေနတ်တစ်လက်၊ ကျည် ၁၄ တောင့်တို့ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

.

.

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ ယမန်နေ့ ဇန်နဝါရီလ ၂၉ ရက်၊ ညနေ ၄ နာရီခန့်တွင် တာချီလိတ်မြို့နယ်၊ ဆီဝန်းထောင်းကျေးရွာအနီး ရာဘာခြံအတွင်း အနောက်တောင်ဘက် ၅ မိုင်ခန့် အကွာတို့တွင် အဖွဲ့ငယ်များဖွဲ့၍ နေရာဖြန့်ခွဲကာ ကင်းပုန်းဝပ်စောင့်ဆိုင်းနေစဉ် ဆီဝန်းထောင်းကျေးရွာဘက်မှ ကျောပိုးအိတ်များ သယ်ဆောင်လာသည့် မသင်္ကာဖွယ် လူ ၁၀ ဦးခန့်အား တွေ့ရှိသဖြင့် စစ်ဆေးရန်အတွက် ရပ်တန့်ခိုင်းစဉ် ရပ်တန့် ခြင်းမရှိဘဲ ၎င်းတို့ဘက်မှ သေနတ်များဖြင့် စတင်ပစ်ခတ်ခဲ့သောကြောင့် အနီးကပ်နေရာတွင် အသင့်ရှိသော ပူးပေါင်းအဖွဲ့များနှင့် ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

🌸 မိုင်းဖုန်းဆရာတော် သာသနာပြုခရီးစဉ် ကြွချီမည်

.

တောင်ကြီး၊ ဇန်နဝါရီ ၂၉

.

မိုင်းဖုန်းဆရာ‌တော်ကြီးသည် ပြည်တွင်းသာသနာပြုခရီးစဉ်အဖြစ် ရှမ်းပြည်နယ်နှင့် ရန်ကုန်၊ နေပြည်တော်၊ မန္တလေးသို့ ကြွရောက်သွားမည်ဖြစ်ကြောင်း သိရသည်။

.

.

ဖေဖော်ဝါရီလ ၂ ရက်တွင် စတင်မည့် မိုင်းဖုန်းဆရာတော်ကြီး၏ ခရီးစဉ်အစတွင် မိုင်းဖုန်းမှစတင်ထွက်ခွာပြီး မိုင်းပန်မြို့၌ တစ်ညအနားယူကျိန်းစက်အနားယူကာ ဖေဖော်ဝါရီ ၃ ရက်တွင် ကွန်ဟိန်းမြို့သို့ ဆက်လက် ကြွရောက်ပြီး နှစ်ညအနားယူကျိန်းစက်မည်ဖြစ်ကြောင်း သိရသည်။