.
တောင်ကြီး၊ အောက်တိုဘာ ၁
.
,
၂၀၂၅ ခုနှစ်၊ တောင်ကြီးမြို့တော် တန်ဆောင်တိုင်ပွဲတော်
မီးပုံးပျံပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် နေ့လွှတ် အရုပ်မီးပုံးပျံပြိုင်ပွဲဝင်အသင်းများအား
ဖိတ်ခေါ်ထားကြောင်း သိရသည်။
.
ယခုနှစ် တောင်ကြီးမြို့တော် တန်ဆောင်တိုင်ပွဲတော်
မီးပုံးပျံပြိုင်ပွဲကို တောင်ကြီးမြို့၊ အဝေရာမီးပုံးပျံကွင်း တွင် အောက်တိုဘာလ ၂၉
ရက်မှ နိုဝင်ဘာလ ၄ ရက်အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ပွဲတော်ပိတ်ပွဲနှင့် ဆုပေးပွဲကို
နိုဝင်ဘာလ ၅ ရက်တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
