.
ဟိုပုံး၊ အောက်တိုဘာ ၁၅
.
ပအိုဝ်းကိုယ်ပိုင်အုပ်ချူပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့တွင်
၁၃၈၇ ခုနှစ်၊ ဟိုပုံးတန်ဆောင်တိုင်ပွဲတော် မီးထွန်းပွဲကို တန်ဆောင်မုန်းလဆုတ် ၄ ရက်
(၈-၁၁-၂၀၂၅) မှ တန်ဆောင်မုန်းလဆုတ် ၈ ရက် (၁၂-၁၁-၂၀၂၅) ရက်နေ့အထိ ကျင်းပြုလုပ်သွားမည်ဖြစ်ကြောင်း
သိရသည်။
.
.မီးထွန်းပွဲတော်တွင် နှစ်စဉ်ကျင်းပမြဲအတိုင်း မီးပုံးပျံပြိုင်ပွဲကိုလည်း
ထည့်သွင်းကျင်းပသွားမည်ဖြစ်ပြီး ယှဉ်ပြိုင်လိုသော မီးပုံးပျံအဖွဲ့များအနေဖြင့် ဘုရားကြီးဂေါပကအဖွဲ့ရုံးးထံသို့
လာရောက်စာရင်းပေးသွင်း နိုင်ကြောင်း သိရသည်။
