Wednesday, January 14, 2026

🌸 တောင်ကြီးမြို့ရှောင်လမ်းတွင် ကုန်တင်ယာဉ်ရပ်နားစခန်း တည်ဆောက်မည်

.

တောင်ကြီး၊ ဇန်နဝါရီ ၁၅

.

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ထီဖောင်းကျေးရွာအုပ်စု၊ တောင်ကြီးမြို့ရှောင်လမ်းဘေးတွင် ကုန်တင်ယာဉ်ရပ်နားစခန်း တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။

.

.

တောင်ကြီးမြို့နယ်၊ ထီဖောင်းကျေးရွာအုပ်စု၊ မြို့ရှောင်လမ်းဘေးရှိ မြေဧရိယာ ၁၉ ဒသမ ၈ ဧကပေါ်တွင် ကုန်တင်ယာဉ်ရပ်နားစခန်း တည်ဆောက်ရန် စိတ်ဝင်စားမှု အဆိုပြုလွှာများကို ရှမ်းပြည်နယ်စည်ပင် သာယာရေးဌာနက ဒုတိယအကြိမ် ခေါ်ယူထားခြင်းဖြစ်ကြောင်း သိရသည်။

🌸 ထိုင်းနိုင်ငံတွင် ဆောက်လုပ်ရေးကရိန်းတစ်ခု ထပ်မံပြိုကျပြီး ၂ ဦး သေဆုံး

.

တောင်ကြီး၊ ဇန်နဝါရီ ၁၅

.

ထိုင်းနိုင်ငံ၊ စမုတ်စခွန်ပြည်နယ်၊ ရာမ-၂ လမ်းပေါ်တွင် ယနေ့ ဇန်နဝါရီလ ၁၅ ရက်၊ နံနက် ၉ နာရီခွဲ ခန့်က ဆောက်လုပ်ရေးကရိန်းတစ်ခု ထပ်မံပြိုကျမှုဖြစ်ပွားခဲ့ပြီး ယာဉ် ၂ စီးပိမိကာ လူ ၂ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

.

.

ယင်းမတော်တဆမှုသည် Tha Chin မြစ်အနီးရှိ ချဉ်းကပ်လမ်းမရောက်မီ ရာမ-၂ လမ်းတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။