Friday, February 20, 2026

🌸 ကျိုင်းတုံနှင့် ကျေးသီးတို့တွင် မီးလောင်မှုဖြစ်ပွား

.

ကျိုင်းတုံ၊ ဖေဖော်ဝါရီ ၂၁

.

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့နှင့် ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းရှူးခရိုင်၊ ကျေးသီးမြို့နယ်တို့တွင် ယမန်နေ့ ဖေဖော်ဝါရီလ ၂၀ ရက်၊ ညပိုင်းနှင့် ယနေ့ ဖေဖော်ဝါရီလ ၂၁ ရက်၊ နံနက်အစောပိုင်းတို့က မီးလောင်မှု တစ်ခုစီ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

.

.

ကျိုင်းတုံမြို့နယ်၊ ဝပ်ဆောင်းကျေးရွာအုပ်စု၊ လွိုင်ခိုက်ကျေးရွာတွင် ယမန်နေ့ ဖေဖော်ဝါရီလ ၂၀ ရက်၊ ည ၁၁ နာရီခန့်က လူနေအိမ်တစ်လုံး မီးလောင်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

🌸 လွိုင်လင်-မိုင်းပွန်ကြားတွင် တွဲကားတစ်စီး တာယာအပူလွန်ကဲ မီးလောင်

.

လွိုင်လင်၊ ဖေဖော်ဝါရီ ၂၀

.

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်မြို့နယ်၊ လွိုင်လင်နှင့် မိုင်းပွန်မြို့ အကြားတွင် ယနေ့ ဖေဖော်ဝါရီလ ၂၀ ရက်၊ ညနေပိုင်းက တွဲကားတစ်စီး တာယာအပူလွန်ကဲကာ မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

.

.

လွိုင်လင်မြို့နယ်၊ တောင်ကြီး-ကျိုင်းတုံ၊ ပြည်ထောင်စုလမ်းမကြီး၊ လွိုင်လင်နှင့် မိုင်းပွန်အကြား၊ မိုင်တိုင် အမှတ် (၁၆၃/၁) နှင့် (၁၆၃/၂) အကြားတွင် ယနေ့ ဖေဖော်ဝါရီလ ၂၀ ရက်၊ ညနေ ၄ နာရီ ၄၅ မိနစ်ခန့်က ဘိလပ်မြေများ တင်ဆောင်လာသော တွဲကားတစ်စီး တာယာအပူလွန်ကဲကာ မီးလောင်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

🌸 အီးစီးကရက် (Vape) များအား သုံးစွဲခြင်းကို တားမြစ်

.

တောင်ကြီး၊ ဖေဖော်ဝါရီ ၂၀

.

မြန်မာနိုင်ငံတွင် အီးစီးကရက် (Vape) သုံးစွဲခွင့်ကို ဖေဖော်ဝါရီလ ၂၀ ရက်မှ စတင်၍ ပိတ်ပင်တားမြစ်လိုက် ကြောင်း သိရသည်။

.

.

အီးစီးကရက် (Vape) များ တင်သွင်းခြင်း၊ တင်ပို့ခြင်း၊ ရောင်းချခြင်း၊ သိုလှောင်ထားရှိခြင်း၊ ဖြန့်ဖြူးခြင်းနှင့် သုံးစွဲခြင်း အားလုံးကို တားမြစ်ပိတ်ပင်လိုက်ခြင်း ဖြစ်ပြီး တားမြစ်ချက် ချိုးဖောက်သူများကို သက်ဆိုင်ရာ ဥပဒေများအရ အရေးယူသွားမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက အသိပေးထားသည်။

🌸 တောင်ကြီးတွင် လျှပ်စစ်မီတာခများ သုံးဆကျော် မြင့်တက်လာ

.

တောင်ကြီး၊ ဖေဖော်ဝါရီ ၂၀

.

ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့တွင် ယခုရက်ပိုင်းအတွင်း ဖြန့်ဝေနေသော ဇန်နဝါရီလအတွက် ကောက်ခံသည့် လျှပ်စစ်မီတာ စာရွက်များ၌ ဓါတ်အားကောက်ခံမှု ကျသင့်ငွေများ ၃ ဆကျော်အထိ မြင့်တက်လာနေကြောင်း သိရသည်။

.

.

ယခင်လများက လျှပ်စစ်မီတာခ ၁၀၀၀၀ ကျပ်ဝန်းကျင်ခန့် ကျသင့်သည့် လူနေအိမ်များတွင် ယခုရက်‌ပိုင်း ရောက်ရှိလာသည့် လျှပ်စစ်ဓာတ်အားခ တောင်းခံလွှာ စာရွက်များ၌ ၅၀၀၀၀ ကျပ် ဝန်းကျင် အထိ ကျသင့် နေခြင်းဖြစ်ကြောင်း သိရသည်။