.
ကလော၊ ဧပြီ ၅
.
ကလောမြို့နယ်၊ ဟဲဟိုးမြို့၊ ဖောင်းသင်ကျေးရွာတွင်
ယမန်နေ့ ဧပြီလ ၄ ရက်၊ ညပိုင်းက အသက် ၁၈ နှစ်အရွယ်ခန့်ရှိ လူငယ်အမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံးမှု
ဖြစ်ပွားခဲ့ကြောင်း သိရသည်။
.
.သေဆုံးသူ လူငယ်မှာ ကလောမြို့နေ မောင်ဇင်မင်းသန့်
ဆိုသူဖြစ်ပြီး ယမန်နေ့ည ၈ နာရီခန့်က သမီးရည်းစားကိစ္စ တယ်လီဖုန်း ပြောဆိုပြီးနောက်
ဖောင်းသင်ကျေးရွာ ဘုန်းတော်ကြီးကျောင်းဝင်းအတွင်းရှိ အဆောက်အဦတစ်ခုအနီးတွင် ကြိုးဆွဲချ
သတ်သေခြင်းဖြစ်ကြောင်း သိရသည်။
