.
လားရှိုး၊
ဒီဇင်ဘာ ၂၂
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊
လားရှိုးမြို့ပေါ်ရှိ နေရာအချို့တွင် ယမန်နေ့ ဒီဇင်ဘာလ ၂၁ ရက်၊ ညနေပိုင်းက ပေါက်ကွဲမှုများ
ဖြစ်ပွားခဲ့ကြောင်း သိရသည်။
.
.လားရှိုးမြို့၊
ရပ်ကွက် (၅) နှင့် ရပ်ကွက် (၂) တို့တွင် ယမန်နေ့ညနေ ၅ နာရီခန့်က ပေါက်ကွဲမှုများ ဆက်တိုက်
ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယင်းနေ့ နံနက်ပိုင်းကလည်း လားရှိုးမြို့၊ မန်ဆူဘုရားအနီးတွင်
ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့သေးကြောင်း သိရသည်။

