Wednesday, January 7, 2026

🌸 လားရှိုးပြည်သူ့ဆေးရုံတွင် နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာများနှင့် သက်ကြီးဘိုးဘွားများအား အခမဲ့ ကုသပေးမည်

.

လားရှိုး၊ ဇန်နဝါရီ ၇

.

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့၊ ပြည်သူ့ဆေးရုံကြီးတွင်နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာများနှင့် သက်ကြီး ဘိုးဘွားများအား အခမဲ့ ကုသမှုများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

.


.

ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာနနှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) ကုသရေးဦးစီးဌာနတို့ ပူးပေါင်း ဆောင်ရွက်မည့် အဆိုပါ အစီအစဉ်တွင် နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာများအား ခွဲစိတ်ကုသပေးခြင်း၊ သက်ကြီးဘိုးဘွားများအား သွားတုတပ်ဆင်ပေးခြင်း၊ သွားနှင့်ခံတွင်းကျန်းမာ‌ရေး စောင့်ရှောက်ပေးခြင်း များကို ဇန်နဝါရီလ ၁၅ ရက်နေ့မှ ၁၈ ရက်နေ့အထိ အခမဲ့ကုသဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။

🌸 ပင်းတယတွင် အသက် ၈၆ နှစ်အရွယ် အဖိုးအိုတစ်ဦး ပျောက်ဆုံးနေ

.

ပင်းတယ၊ ဇန်နဝါရီ ၇

.

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၊ သရက်ကုန်းတောင် ကျေးရွာနေ အသက် ၈၆ နှစ်အရွယ် အဖိုးအိုတစ်ဦး ပျောက်ဆုံးနေပြီး မိသားစုများက ပြန်လည်ရှာဖွေလျက်ရှိကြောင်း သိရသည်။

.

.

အဆိုပါ အဖိုး ဦးခင်မောင် ကို ယမန်နေ့ ဇန်နဝါရီလ ၆ ရက်၊ ညနေ ၄ နာရီခွဲအချိန်ခန့်က သရက်ကုန်းတောင် ကျေးရွာ ရေကန်အနီးတွင် နောက်ဆုံးတွေ့ရှိခဲ့ခြင်းဖြစ်ပြီး သားဖြစ်သူနှင့် မိသားစု၊ ဆွေမျိုးများက လိုက်လံ ရှာဖွေ ဆက်သွယ်နေသော်လည်း ယနေ့ ဇန်နဝါရီလ ၇ ရက်၊ ညနေပိုင်းအထိ ပြန်လည်တွေ့ရှိခြင်း မရှိသေး ကြောင်း သိရသည်။