.
အောင်ပန်း၊ ဇန်နဝါရီ ၂၆
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောခရိုင်၊ ကလောမြို့နယ်၊
အောင်ပန်းမြို့ရှိ သစ္စာမဂ္ဂင်စေတီတော်နှင့် မဟာ ရွှေဘုရင်ဘုရားကြီး၏ ဆဋ္ဌမအကြိမ်မြောက်
ဗုဒ္ဓပူဇနိယပူဇော်ပွဲကို အဆိုပါ စေတီတော်ဝင်းအတွင်း ကျင်းပ ပြုလုပ်သွားမည်ဖြစ်ကြောင်း
သိရသည်။
.
.ဗုဒ္ဓပူဇနိယပူဇော်ပွဲ အထိမ်းအမှတ်အဖြစ် အမျိုးသား/အမျိုးသမီး
ဝိုင်းခြင်းအလှခတ်ပွဲနှင့် နိဗ္ဗာန်ဈေးပွဲတော် ကို ၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်အဖိတ်နေ့၊
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်၊ စနေနေ့တွင် ပြုလုပ်သွားမည် ဖြစ်ပြီး နိဗ္ဗာန်ဈေးကို
နေ့လယ် ၁ နာရီမှ ညနေ ၅ နာရီအထိ ပြုလုပ်သွားမည်ဖြစ်ကာ နိဗ္ဗာန်ဈေး ပြုလုပ် လိုသူများအနေဖြင့်
မိမိအစီအစဉ်ဖြင့် ကျွေးမွေးဧည့်ခံနိုင်ကြောင်း သိရသည်။


