Wednesday, June 10, 2026

🌸 ရွှေညောင်တွင် အမျိုးသမီးတစ်ဦး ကြိုးဆွဲချသေဆုံးမှု ဖြစ်ပွား

.

တောင်ကြီး၊ ဇွန် ၁၀

.

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့တွင် ယနေ့ ဇွန်လ ၁၀ ရက်၊ နံနက်ပိုင်းက အမျိုးသမီးတစ်ဦးအား ကြိုးဆွဲချသေဆုံးလျက် တွေ့ရှိခဲ့ရကြောင်း သိရသည်။

.

.

ရွှေညောင်မြို့၊ လှိုင်ဘုံသာရပ်ကွက်၊ နယ်မြေ (၃)၊ အေးသိင်္ဂီလမ်းနေ အသက် ၃၆ နှစ်အရွယ် သူနာပြု ဆရာမ တစ်ဦးအား ယနေ့ ဇွန်လ ၁၀ ရက်၊ နံနက် ၈ နာရီခန့်က ၎င်းနေထိုင်သည့် နေအိမ်အတွင်း၌ ကြိုးဆွဲချ သေဆုံးနေသည်ကို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Tuesday, June 9, 2026

🌸 ရှမ်းလွှတ်တော်အစည်းအဝေး ဆက်လက်ကျင်းပ

.

တောင်ကြီး၊ ဇွန် ၁၀

.

တတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး၊ ဒုတိယနေ့ကို ယနေ့ ဇွန်လ ၁၀ ရက်၊ နံနက်ပိုင်းက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်လွှတ်တော် အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်လျက် ရှိကြောင်း သိရသည်။

.

.

အစည်းအဝေးတွင် နားဖန်မြို့နယ် ကိုယ်စားလှယ်အမှတ် (၂) စိုင်းအောင်မြင့်က နိုင်ငံသားစိစစ်ရေးကတ်ပြား အမှတ် ထပ်နေသူများ၏ နိုင်ငံသားအခွင့်အရေး မဆုံးရှုံးစေရေးအတွက် ဆောင်ရွက်ပေးမည့် အစီအစဉ်ကိစ္စ အပါအဝင် လွှတ်တော်ကိုယ်စားလှယ် ၁၁ ဦးတို့က ကြယ်ပွင့်ပြမေးခွန်း ၁၇ ခု မေးမြန်းသွားမည်ဖြစ်ကြောင်း သိရသည်။

.

🌸 အောင်ပန်းတွင် ထရန်စဖော်မာမှ ကြေးကြိုး ခိုးယူသည့်အမျိုးသား ဓာတ်လိုက်သေဆုံး

.

အောင်ပန်း၊ ဇွန် ၁၀

.

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ အောင်ပန်းမြို့တွင် ယမန်နေ့ ဇွန်လ ၉ ရက်၊ ညနေပိုင်းက လျှပ်စစ် ထရန်စဖော်မာမှ မိုးကြိုးလွှဲ ကြေးကြိုးအား ဖြတ်တောက်ခိုးယူသည့် အမျိုးသား တစ်ဦး ဓာတ်လိုက်သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

.

.

အောင်ပန်းမြို့၊ ရွာသစ်ရပ်ကွက်၊ ပစ္စုပ္ပန်ဘုန်းကြီးကျောင်းဝင်းအတွင်းရှိ ထရန်စဖော်မာတွင် ယနေ့ ဇွန်လ ၉ ရက်၊ ညပိုင်းက အမျိုးသားတစ်ဦး မီးတာပုံးများ ထားသော ထရန်စဖော်မာ ပေါ်ရှိ မိုးကြိုးလွှဲ ကြေးကြိုးအား ပလာယာဖြင့် ဖြတ်တောက်စဉ် ဓာတ်လိုက်သေဆုံးနေကြောင်း သတင်းအရ ရဲတပ်ဖွဲ့က သွားရောက် စစ်ဆေးရာ သေဆုံးသူမှာ အောင်ပန်းမြို့၊ အမှတ် (၃) ရပ်ကွက်နေ အသက် ၂၄ နှစ်အရွယ် လူငယ် အမျိုးသားဖြစ်ပြီး ခန္ဓာကိုယ် မီးလောင်ကျွမ်း၊ ညိုမည်းဒဏ်ရာများဖြင့် ဓာတ်လိုက် သေဆုံးနေသည်ကို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

🌸 မဲခေါင်မြစ် ရေနက်စီးကြောင်း တူးဖော်ခြင်းလုပ်ငန်း ပြီးစီးမှုအခြေအနေ မြန်မာ-လာအို ဆွေးနွေး

.

တာချီလိတ်၊ ဇွန် ၉

.

မဲခေါင်မြစ် ရေနက်စီးကြောင်း ပြန်လည်တူးဖော်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ယနေ့ ဇွန်လ ၉ ရက်၊ နံနက်ပိုင်းက တာချီလိတ်မြို့၊ ဝမ်ကောင်းရပ်ကွက်ရှိ ဇန်းမွန်အာခါဟိုတယ်တွင် မြန်မာ-လာအို  နှစ်နိုင်ငံ ပူးတွဲနည်းပညာအဖွဲ့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

.

.

အစည်းအဝေးတွင် နှစ်နိုင်ငံကိုယ်စားလှယ်များက မဲခေါင်မြစ်အတွင်း နယ်နမိတ်အမှတ် (၂) နှင့် (၇) အကြား မြန်မာဘက်ခြမ်း၌ ဆောင်ရွက်ခဲ့သည့် မူလရေနက်စီးကြောင်း ပြန်လည်တူးဖော်ခြင်းလုပ်ငန်း၏ ပြီးစီးမှု အခြေအနေ၊ လုပ်ငန်းဆောင်ရွက်ခဲ့မှု ရလဒ်များနှင့် အနာဂတ်ပူးပေါင်းဆောင်ရွက်နိုင်မည့် ကိစ္စရပ်များအား အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

🌸 ရှမ်းပြည်နယ်အတွင်းရှိ လိုင်စင်မဲ့ယာဉ်များအား မှတ်ပုံတင်ဆောင်ရွက်ပေး၍ မရကြောင်း ပြည်နယ် ဝန်ကြီး ပြောကြား

.

တောင်ကြီး၊ ဇွန် ၉

.

ရှမ်းပြည်နယ်အတွင်းရှိ လိုင်စင်မဲ့ မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်များအား မှတ်ပုံတင် ဆောင်ရွက် ပေး၍ မရနိုင်ကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ခွန်သန်းထူးက လွှတ်တော်တွင် ပြောကြားခဲ့သည်ဟု သိရသည်။

.

.

တတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် ဒုတိယပုံမှန် အစည်းအဝေး ပထမနေ့ကို ယနေ့ ဇွန်လ ၉ ရက်၊ နံနက်ပိုင်းက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်လွှတ်တော်ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ လွှတ်တော် အစည်းဝေးတွင် ရပ်စောက်မြို့နယ် မဲဆန္ဒနယ်အမှတ် (၁) မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ညွန့်၏ ကြယ်ပွင့်ပြမေးခွန်း မေးမြန်းမှုကို ပြည်နယ်ဝန်ကြီးက ယင်းကဲ့သို့ ပြန်လည်ဖြေကြား ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။