.
တောင်ကြီး၊ မတ် ၂၉
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသ၊
တုံးလည်ကျေးရွာအုပ်စု၊ တောင်ပို့ကြီး ကျေးရွာရှိ မီးဘေးသင့် အိမ်ထောင်စု ၃ စုတို့အား
ရှမ်းတောင်ပရဟိတညီနောင်များကွန်ရက်က ယမန်နေ့ မတ်လ ၂၈ ရက်တွင် စားနပ်ရိက္ခာနှင့် အလှူငွေများ
သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။
.
.ညောင်ရွှေမြို့နယ် အောင်စီဂျင်နှင့် လူမှုကူညီရေးအသင်း၏
တင်ပြအကူအညီတောင်းခံလာချက်အရ ရှမ်းတောင်ပရဟိတညီနောင်များကွန်ရက်က မီးဘေးသင့် မိသားစု
၃ စုအတွက် ဆန် ၆ ပြည် ၅ အိတ်၊ ဆီ (၅၀)သား ၅ ဘူး၊ ငါးသေတ္တာ ဘူး ၃၀၊ ဘာလချောင်ကျော်
အထုပ် ၃၀၊ ခေါင်းအုံး ၉ လုံး၊ ခြင်ထောင် ၃ လုံး၊ စုစုပေါင်း တန်ဖိုးငွေကျပ် ၅၃၇၅၀၀
ကျပ်အား ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သိရသည်။
.jpg)