.
အောင်ပန်း၊ နိုဝင်ဘာ ၁၃
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ အောင်ပန်းမြို့တွင်
ယမန်နေ့ နိုဝင်ဘာလ ၁၃ ရက်၊ ညပိုင်းက ကားနှင့် မော်တော်ဆိုင်ကယ် တိုက်မိပြီး ဆိုင်ကယ်မောင်းသူတစ်ဦး
သေဆုံးကာ တစ်ဦး ပြင်းထန်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
.
.အောင်ပန်း-တောင်ကြီးလမ်း၊ ကျောက်နွားတောင် မုခ်ဦးအနီးတွင်
ယမန်နေ့ နိုဝင်ဘာလ ၁၂ ရက်၊ ည ၇ နာရီခွဲခန့်က အောင်ပန်းမြို့၊ သာမိုင်းခမ်းအုပ်စု၊ ဖောင်းသင်ရွာနေ
လူငယ်အမျိုးသား ၂ ဦး မောင်းနှင်လာသော မော်တော်ဆိုင်ကယ်နှင့် အမျိုးအမည် မသိရှိရသေးသည့်
ကားတို့ တိုက်မိခဲ့ခြင်းဖြစ်ပြီး ကားမှာ မောင်းနှင် ထွက်ပြေးသွားခဲ့ခြင်းဖြစ်ကြောင်း
သိရသည်။
