Thursday, October 16, 2025

🌸 တောင်ကြီးတွင် စွန့်ပစ်ခံထားရသော အမျိုးသားအလောင်းတစ်လောင်း တွေ့ရှိ

.

တောင်ကြီး၊ အောက်တိုဘာ ၁၇

.

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့၊ မြို့မရပ်ကွက်၊ စဝ်စံထွန်းလမ်းတွင် ယမန်နေ့ အောက်တိုဘာလ ၁၆ ရက်၊ ညပိုင်းက စွန့်ပစ်ခံထားရသော အမျိုးသားအလောင်းတစ်လောင်း တွေ့ရှိခဲ့ကြောင်း သိရသည်။

.

.

သေဆုံးသူ၏ ရုပ်အလောင်းတွင် မီးလောင်ဒဏ်ရာနှင့် ကြိုးချည်ဒဏ်ရာများ တွေ့ရှိရပြီး မည်သူမည်ဝါဟု မသိရှိရသေးကြောင်း သိရသည်။

🌸 ကလောတန်ဆောင်တိုင် ရိုးရာမီးရှော်တိုင်နှင့် မီးကြာစံထွန်းညှိပူဇော်ပွဲကို နိုဝင်ဘာ ၅ ရက်တွင် စတင် ကျင်းပမည်

.

ကလော၊ အောက်တိုဘာ ၁၆

.

၂၀၂၅ ခုနှစ်၊ အကြိမ် (၂၀) မြောက် ကလောမြို့ မြို့လုံးကျွတ်မဟာတန်ဆောင်တိုင် ရိုးရာမီးရှော်တိုင်နှင့် မီးကြာစံထွန်းညှိပူဇော်ပွဲကို လာမည့် နိုဝင်ဘာလ ၅ ရက်တွင် စတင်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

.

.

အဆိုပါ မီးရှော်တိုင်ပြိုင်ပွဲတွင် ကလောမြို့ပေါ် ၁၁ ရပ်ကွက်နှင့် ရပ်ကွက်၊ ကျေးရွာများမှ ပြိုင်ပွဲဝင် မီးရှော်တိုင် အသင်း ၂၁ သင်း ပါဝင်ယှဉ်ပြိုင် ပူဇော်သွားမည်ဖြစ်ကြောင်း သိရသည်။

🌸 တောင်ကြီးတွင် ပုံစံမျိုးစုံဖြင့် ခိုးယူလုယက်မှုများ မကြာခဏ ဖြစ်ပွားနေ

.

တောင်ကြီး၊ အောက်တိုဘာ ၁၆

.

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့တွင် ယခုရက်ပိုင်းအတွင်း ပုံစံမျိုးစုံဖြင့် ဆိုင်ကယ် အပါအဝင် ပစ္စည်းခိုးယူလုယက်မှုများ မကြာခဏ ဖြစ်ပွားနေကြောင်း သိရသည်။

.

.

အခုက ဖြစ်တာ အစုံပါပဲ။ ဆိုင်ကယ်လုတယ်၊ ပိုက်ဆံအိတ်လုတယ်၊ မီးကြိုးခိုးဖြတ်တယ် အစုံကိုကြားနေရ တာပဲ။ သီတင်းကျွတ်၊ တန်ဆောင်တိုင်ကာလ လူစည်ကားတဲ့အချိန်ဆိုတော့ ပိုသတိထားဖို့ လိုတာပေါ့” ဟု တောင်ကြီး ဒေသခံတစ်ဦးက ပြောသည်။