.
အောင်ပန်း၊ အောက်တိုဘာ ၁၇
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ အောင်ပန်းမြို့တွင်
ယနေ့ အောက်တိုဘာလ ၁၇ ရက်၊ နံနက်ပိုင်းက သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး၏ ရုပ်အလောင်းကို
တွေ့ရှိခဲ့ရကြောင်း သိရသည်။
.
သေဆုံးသူမှာ အောင်ပန်းမြို့၊ ညောင်ပင်ထောင်ရပ်ကွက်နေ
အသက် ၂၅ နှစ်အရွယ်ခန့်ရှိ အမျိုးသားဖြစ်ပြီး ၎င်းသည် လွန်ခဲ့သည့် ၃ ရက်ခန့်ကတည်းက ပျောက်ဆုံးနေခြင်းဖြစ်ကာ
ယနေ့ အောက်တိုဘာလ ၁၇ ရက်၊ နံနက်ပိုင်းတွင် မင်္ဂလာကန်အတွင်း ပြင်ပဒဏ်ရာ မတွေ့ရဘဲ ပုပ်ပွလျက်
ပြန်လည်တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
