Friday, January 2, 2026

🌸 တောင်ကြီးမြို့၊ ဗိုလ်ချုပ်ပန်းခြံအတွင်း လူနေဆိုင်ခန်းဆောက်လုပ်ရန် စီစဉ်နေ ဟုဆို

.

တောင်ကြီး၊ ဇန်နဝါရီ ၃

.

ရှမ်းပြည်နယ်မြို့တော်၊ တောင်ကြီးမြို့ပေါ်ရှိ အများပြည်သူ အနားယူအပန်းဖြေရာ အထင်ကရနေရာတစ်ခု ဖြစ်သော ဗိုလ်ချုပ်အောင်ဆန်းပန်းခြံအတွင်း လူနေဆိုင်ခန်းများ ဆောက်လုပ်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

.



.

ဗိုလ်ချုပ်အောင်ဆန်းပန်းခြံ စည်ကားသာယာလှပစေရန်အတွက် ရှမ်းချယ်ရီတောင်တန်း ဆောက်လုပ်ရေး ကုမ္ပဏီက အဆိုပါ ပန်းခြံအတွင်း ၃ ထပ် လူနေဆိုင်ခန်းများ ဆောက်လုပ်ရန် တင်ပြထားခြင်းကို ပြန်လည် စိစစ်တင်ပြရန် ရှမ်းပြည်နယ်အစိုးရက စည်ပင်သာယာရေးဌာနသို့ ညွှန်ကြားထားခဲ့ခြင်းဖြစ်ကြောင်း လူမှု ကွန်ရက် စာမျက်နှာတွင် ပေါက်ကြားလာသော ရုံးစာတစ်စောင်အရ သိရသည်။