Wednesday, March 18, 2026

🌸 ကျိုင်းတုံမြို့နယ်တွင် ဘိန်းစိမ်း ကီလို ၄၀ ကျော် ဖမ်းမိ

.

ကျိုင်းတုံ၊ မတ် ၁၉

.

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့နယ်၊ ကျိုင်းဖောင်းကျေးရွာအနီးတွင် မတ်လ ၁၇ ရက်၊ ညပိုင်းက ဘိန်းစိမ်းအလေးချိန် ကီလို ၄၀ ကျော်အား သယ်ဆောင်လာသူနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

.

.

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မတ်လ ၁၇ ရက်နေ့ ည ၁၁ နာရီခန့်က သက်သေများနှင့်အတူ ကျိုင်းတုံမြို့နယ်၊ ကျိုင်းဖောင်းကျေးရွာအနီးတွင် အပေါ မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ဆိုင်ကယ်ခွကြားတွင် သယ်ဆောင် လာသော ဆာလာအိတ်များအတွင်းမှ ဘိန်းစိမ်း အလေးချိန် ၄၀ ဒသမ ၅ ကီလို၊ ဒေသကာလတန်ဖိုး ငွေကျပ် ၂၀၂ ဒသမ ၅ သိန်းအား ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

🌸 ရှမ်းယူနိုက်တက်အသင်း ၆ နှစ်ဆက် ချန်ပီယံအဖြစ် မှတ်တမ်းဝင်

.

တောင်ကြီး၊ မတ် ၁၈

.

ရှမ်းယူနိုက်တက်အသင်းသည် မြန်မာနေရှင်နယ်လိဂ် ၂၀၂၅/၂၆ ခုနှစ် ဘောလုံးရာသီ၏ ချန်ပီယံ ဖြစ်ခဲ့ပြီးနောက် ပြိုင်ပွဲသမိုင်းတစ်လျှောက် ၆ နှစ်ဆက်တိုက် ချန်ပီယံအဖြစ် မှတ်တမ်းဝင်သွားခဲ့သည်။

.

.

ယခုရာသီ မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲ၏ နောက်ဆုံး ပွဲစဥ် ၂၂ အဖြစ် ရှမ်းယူနိုက်တက်အသင်းနှင့် ဟံသာဝတီယူနိုက်တက်အသင်းတို့သည် ယနေ့ မတ်လ ၁၈ ရက်၊ ညနေပိုင်းတွင် တောင်ကြီးကွင်း၌ ‌ယှဥ်ပြိုင်ကစားခဲ့ရာ ရှမ်းယူနိုက်တက်အသင်းက ဟံသာဝတီယူနိုက်တက်အသင်းကို မြတ်ကောင်းခန့်၏ တစ်လုံးတည်းသော သွင်းဂိုးဖြင့် အနိုင်ယူခဲ့ခြင်း ဖြစ်သည်။