Wednesday, February 25, 2026

🌸 တန့်ယန်းတွင် “ဝ”တပ်ဖွဲ့ အယောင်ဆောင်ပြီး ရွှေဆိုင်လုယက်မှုဖြစ်ပွား

.

တောင်ကြီး၊ ဖေဖော်ဝါရီ ၂၆

.

ရှမ်းပြည်နယ်မြောက်ပိုင်း၊ တန့်ယန်းမြို့တွင် ဖေဖော်ဝါရီလ ၂၁ ရက်က “ဝ”တပ်ဖွဲ့အယောင်ဆောင်ပြီး ရွှေဆောင်လုယက်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

.


.

တန့်ယန်းမြို့ရှိ ရွှေဆိုင်တစ်ခုတွင် ဖေဖော်ဝါရီလ ၂၁ ရက်က UWSA “ဝ” တပ်ဖွဲ့ ယူနီဖောင်း ဝတ်စုံ ဝတ်ဆင်ထားသူတစ်ဦးကမျက်နှာဖုံးစွပ်ကာ ဓါးပြဝင်တိုက်ပြီး ရွှေလက်စွပ် ၃ ကွင်း လုယူထွက်ပြေး သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

🌸 မိုင်းဆတ်မြို့နယ်တွင် မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိ

.

တောင်ကြီး၊ ဖေဖော်ဝါရီ ၂၆

.

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဆတ်မြို့နယ်၊ ဝမ်လုံကျေးရွာအနီးတွင် ဖေဖော်ဝါရီလ ၂၄ ရက်၊ မွန်းလွဲပိုင်းက မူးယစ်ဆေးဝါး ချက်လုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများအား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

.

.

တာချီလိတ်မြို့၏ အနောက်မြောက်ဘက် ၃၀ ကီလို မီတာခန့်အကွာ၌ မူးယစ်ဆေးဝါးများ ထုတ်လုပ်နေကြောင်း သတင်းအရ ပူးပေါင်းအဖွဲ့သည် နယ်မြေရှင်းလင်းခြင်းများ သွားရောက်ဆောင်ရွက်ရာ ဖေဖော်ဝါရီ ၂၄ ရက် မွန်းလွဲ ၂ နာရီခန့်တွင် မိုင်းဆတ်မြို့နယ်၊ မိုင်းခုတ်မြို့၏ အရှေ့တောင်ဘက် ၁၉ ကီလိုမီတာ၊ ဝမ်လုံးကျေးရွာ၏ တောင်ဘက် ၈ ကီလိုမီတာခန့် အကွာနေရာ၌ မူးယစ်ဆေးဝါးများနှင့် မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့် ပစ္စည်းများအား သိမ်းဆည်းရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

🌸 လားရှိုးတွင် အမျိုးသမီးတစ်ဦး ပြန်ပေးဆွဲခံရ

.

လားရှိုး၊ ဖေဖော်ဝါရီ ၂၅

.

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့တွင် ယမန်နေ့ ဖေဖော်ဝါရီလ ၂၄ ရက်၊ ညနေပိုင်းက အမျိုးသမီးတစ်ဦး ကို အမည်မသိ အမျိုးသား ၃ ဦးက သေနတ်ပြ ခြိမ်းခြောက်ကာ ပြန်ပေးဆွဲမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

.


.

လားရှိုးမြို့၊ ရပ်ကွက် (၅) ရှိ ကုန်စုံဆိုင် တစ်ခုအတွင်းသို့ ယမန်နေ့ ညနေ ၄ နာရီခွဲခန့်က အမျိုးသား ၃ ဦး ရောက်ရှိလာပြီး ဆိုင်အတွင်းရှိသူများကို သေနတ်ပြ ခြိမ်းခြောက်ကာ ကောင်တာတွင် ထိုင်နေသည့် အသက် ၂၃ နှစ် အရွယ် အမျိုးသမီးတစ်ဦးကို ပြန်ပေးဆွဲခေါ်ဆောင်သွားကာ ဆိုင်ကောင်တာအတွင်းရှိ ရောင်းရငွေ အချို့ကိုလည်း ယူဆောင်သွားခဲ့ကြောင်း သိရသည်။