Tuesday, February 24, 2026

🌸 ရှမ်းယူနိုက်တက် ကစားသမား ရဲမင်းသူကို ၅ ပွဲပယ် ပြစ်ဒဏ်နှင့် ဒဏ်ကြေးငွေ ၁၀ သိန်းကျပ် ချမှတ်

.

တောင်ကြီး၊ ဖေဖော်ဝါရီ ၂၅

.

ရှမ်းယူနိုက်တက်အသင်းမှ ကျောနံပတ် ၃ ကစားသမား ရဲမင်းသူအား မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲများတွင် အနီးဆုံး ၅ ပွဲပယ် ပြစ်ဒဏ်နှင့် ဒဏ်ကြေးငွေ ၁၀ သိန်းကျပ် ပေးဆောင်ရန် ချမှတ်ခဲ့ကြောင်း သိရသည်။

.

.

မြန်မာနေရှင်နယ်လိဂ် ပွဲစဉ်များအနက် ဖေဖော်ဝါရီလ ၂၀ ရက်က YUSC ကွင်းတွင် ကျင်းပခဲ့သည့် ပွဲစဉ် အမှတ် (၁၀၇)၊ ရန်ကုန်ယူနိုက်တက်အသင်းနှင့် ရှမ်းယူတိုက်တက်အသင်းတို့ ပွဲစဉ်မှ ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များအတွက် ယင်းကဲ့သို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း စည်းကမ်းထိန်းသိမ်းရေးနှင့် ကျင့်ဝတ်ကော်မီက ယမန်နေ့ ဖေဖော်ဝါရီ ၂၄ ရက်တွင် ထုတ်ပြန်ထားသည်။

🌸 “ဝ” တောင်ပိုင်း မူးယစ်တိုက်ဖျက်ရေးတပ်ဖွဲ့က ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးနှင့် တရားခံများကို အစိုးရထံ လွှဲပြောင်း

.

တောင်ကြီး၊ ဖေဖော်ဝါရီ ၂၅

.

“ဝ” တောင်ပိုင်း မူးယစ်ဆေးဝါးတိုက်ဖျက်ရေးတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့သည့် မူးယစ်ဆေးဝါးများနှင့် တရားခံ များကို ယမန်နေ့ ဖေဖော်ဝါရီလ ၂၄ ရက်က မိုင်းတုံမြို့နယ်၊ ဟွေအောဒေသတွင် သက်ဆိုင်ရာ အစိုးရ တာဝန်ရှိသူများထံ (၂၅) ကြိမ်မြောက်အဖြစ် လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

.

.

“ဝ” တောင်ပိုင်း စစ်ဒေသ (၁၇၁) သည် ဖေဖော်ဝါရီလ ၁၅ ရက်၊ နေ့လယ်ပိုင်းက ဘိန်းဖြူ ၁၆၁ စုံ၊ စုစုပေါင်း ၁၂၀ ဒသမ ၇၅ ကီလိုဂရမ်နှင့် မူးယစ်ဆေးဝါး မှောင်ခိုသမား ၂ ဦးကို မော်တော်ဆိုင်ကယ် ၂ စီးနှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။