.
ကျိုင်းတုံ၊ ဖေဖော်ဝါရီ ၁၀
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့နယ်၊ လွယ်မွေလမ်းရှိ
နည်းပညာအထက်တန်းကျောင်းတွင် ယနေ့ ဖေဖော်ဝါရီလ ၁၀ ရက်၊ မွန်းလွဲပိုင်းက မီးလောင်မှု
ဖြစ်ပွားခဲ့ကြောင်း သိရသည်။
.
.ကျိုင်းတုံ နည်းပညာအထက်တန်းကျောင်းဝင်း အတွင်းရှိ
ယာယီကျောင်းသားအဆောင်နှင့် စတိုဆောင် တို့တွင် ယနေ့ နေ့လယ် ၂ နာရီခွဲခန့်က မီးလောင်မှု
ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မီးလောင်ရာသို့ ကျိုင်းတုံ ခရိုင်မီးသတ်စခန်းနှင့်
မြို့နယ်မီးသတ်စခန်းတို့မှ မီးသတ်ယာဉ်များ၊ လူမှုရေးအသင်းများမှ သွားရောက် ငြှိမ်းသတ်ခဲ့ကြောင်း
သိရသည်။
