.
တောင်ကြီး၊ ဇန်နဝါရီ ၂၆
.
တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်၊
ဝါးပြားနယ်မြေ၊ စမ်းရေတွင်းလမ်းအတွင်းမှ ပျောက်ဆုံးနေသည့် အသက် ၁၀ နှစ်အရွယ်ခန့် ကလေးငယ်ကို
ယနေ့ ဇန်နဝါရီလ ၂၆ ရက်၊ ညနေပိုင်းတွင် ပြန်တွေ့ပြီ ဖြစ်ကြောင်း သိရသည်။
.
.အဆိုပါ ကလေးငယ်ကို တစ်ရပ်ကွက်တည်းနေ သူငယ်ချင်း ကလေးငယ်တစ်ဦးက
ကံကြီးရပ်ကွက် ဘက်သို့ ခေါ်ဆောင်သွားခဲ့ပြီးနောက် ၎င်းကို ယင်းနေရာတွင် ချန်ထားရစ်ခဲ့ကာ
ယနေ့တွင်မှ နေအိမ်သို့ တိတ်တဆိတ် ပြန်လည် ပို့ဆောင်ထားပေးခြင်းဖြစ်ကြောင်း သိရသည်။

