.
မူဆယ်၊ ဇန်နဝါရီ ၂၁
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့တွင် ယမန်နေ့
ဇန်နဝါရီလ ၂၀ ရက်၊ ညပိုင်းက ငွေကျပ် သိန်း ၁၇၀၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများအား
သယ်ဆောင်လာသူ ၂ ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
.မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ
တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ယမန်နေ့ ဇန်နဝါရီလ ၂၀ ရက်၊ ည ၇ နာရီ ၄၀ မိနစ်ခန့်က
မူဆယ်မြို့၊ စွမ်စော်ရပ်ကွက်၊ မူဆယ်-နမ့်ခမ်းသွား ကားလမ်းတွင် မော်တော်ယာဉ်များအား
စစ်ဆေးရှာဖွေစဉ်နေစဉ် နော်ဆိုင်းအောင် မောင်းနှင်ပြီး တန်ဂွန်း လိုက်ပါလာသည့် TOYOTA
LANDCRUISER အမျိုးအစား မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ
ယာဉ်ပေါ်တွင် သိုဝှက်သယ်ဆောင်လာသော စိတ်ကြွရူးသွပ်ဆေးပြား ၃၁၅,၉၀၀ ပြား၊ ဒေသကာလ တန်ဖိုးငွကျပ် ၁,၅၇၉ ဒသမ ၅ သိန်းနှင့်
ဘိန်းစိမ်း အလေးချိန် ၁၅ ကီလို၊ ဒေသကာလတန်ဖိုးငွကျပ် ၁၃၅ သိန်းတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ခြင်းဖြစ်ကြောင်း
သိရသည်။

