Thursday, March 26, 2026

🌸 တောင်ကြီးတွင် ဂက်စ်မီးဖိုပေါက်ကွဲရာမှ မီးလောင်မှု ဖြစ်

.

တောင်ကြီး၊ မတ် ၂၇

.

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့၊ ပြည်တော်သာရပ်ကွက်၊ နှင်းဆီလမ်းနှင့် ဂုဏ်ထူးလမ်းထောင့်၊ မြတ်သူ စက်သုံးဆီဆိုင်အနီးရှိ နေအိမ်တစ်လုံး ယနေ့ မတ်လ ၂၇ ရက် ၁၀ နာရီခွဲခန့်က နေအိမ် မီးဖိုချောင်ရှိ ဂက်စ်အိုး ပေါက်ကွဲရာမှ မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

.

.

“အိမ်နဲ့ ဆိုင်ကယ်တော့ မီးလောင် ပျက်ဆီးတာ တွေ့ရတယ်။ လူတွေ ဘာတွေတော့ ထိခိုက်တာ မရှိပါဘူး” ဟု မီးလောင်ရာ နေရာသို့ သွားရောက် ကူညီသူ တစ်ဦးက ပြောသည်။

🌸 တောင်ကြီးမြို့နယ်၊ မဲသောင်းကျေးရွာတွင် ဝါးရုံတောမီးလောင်

.

တောင်ကြီး၊ မတ် ၂၇

.

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ နောင်လေကျေးရွာအုပ်စု၊ မဲသောင်းကျေးရွာတွင် ယမန်နေ့ မတ်လ ၂၆ ရက်၊ ညနေပိုင်းက ဝါးရုံတောမီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

.

.

နောင်လေကျေးရွာအုပ်စု၊ မဲသောင်းကျေးရွာတွင် ယမန်နေ့ ညနေ ၃ နာရီခန့်က ဝါးရုံတော၌ တောမီး လောင်ကျွမ်းမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မီးလောင်မှုဖြစ်ပွားရာသို့ တောင်ကြီး ခရိုင်မီးသတ်ဦးစီးဌာနမှ မီးငြှိမ်းသတ်ယာဉ် ၁ စီး၊ သန္ဓေနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျေးရွာသူ/ကျေးရွာသားများဖြင့် ဝိုင်းဝန်း ငြှိမ်းသတ်ခဲ့ရာ ညနေ ၃ နာရီ ၅၀ ခန့်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

🌸 တောင်ကြီးမှ အသက် ၂၁ နှစ်အရွယ် လူငယ်တစ်ဦး ပျောက်ဆုံးနေ

.

တောင်ကြီး၊ မတ် ၂၆

.

ရှမ်းပြည်နယ်မြို့တော်၊ တောင်ကြီးမြို့မှ အသက် ၂၁ နှစ်အရွယ် လူငယ်တစ်ဦး မတ်လ ၂၄ ရက်၊ ညပိုင်းက ကရင်မရေထွက်အနီးသို့ သွားရောက်ရာမှ ပျောက်ဆုံးနေကြောင်း သိရသည်။

.

.

“၂၄ ရက်၊ ညပိုင်းက အလုပ်ကနေ အစောကြီးပြန်လာပြီးတော့ ပိုက်ဆံတစ်သောင်းတောင်းပြီး သူငယ်ချင်း တွေနဲ့ အပြင်ပြန်ထွက်သွားတာပါ။ ပြီးတော့ သူငယ်ချင်းတွေက ပြန်လာပြီး သူတစ်ယောက်ထဲ ကရင်မ ရေထွက်ဘက်ကို ဆက်သွားရင်းနဲ့ အပြန်မှာ ပျောက်သွားတာပါ” ဟု နီးစပ်သူတစ်ဦးက ပြောသည်။

🌸 တာချီလိတ်တွင် ဆိုင်ကယ်ခိုးသူ ၄ ဦးကို ဖမ်းမိ

.

တာချီလိတ်၊ မတ် ၂၆

.

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် ယမန်နေ့ မတ်လ ၂၅ ရက်၊ နံနက်ပိုင်းက ဆိုင်ကယ်ခိုးယူသူ ၄ ဦးကို ခိုးရာပါမော်တော်ဆိုင်ကယ်များနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

.

.

တာချီလိတ်ရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းနှိမ်နင်းရေးဌာနစိတ်နှင့် နယ်ထိန်းတပ်ဖွဲ့ဝင်များသည် မတ်လ ၂၆ ရက်၊ နံနက်ပိုင်းက တာချီလိတ်မြို့ ပေါ်ရပ်ကွက်များအတွင်း လှည့်ကင်းဆောင်ရွက်နေစဉ် ဆိုင်ကယ်ခိုးမှုဖြင့် ပြစ်ဒဏ်ကျခဲ့ဖူးသူ ဆောင်းဦး (ခ) သားပုအား တရုတ်နိုင်ငံထုတ် Kenbo Click အမျိုးအစား နီ/နက်ရောင် ဆိုင်ကယ်နှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။