Wednesday, February 4, 2026

🌸 တောင်ကြီးမြို့နယ်တွင် ပန်းမုံလာစိမ်း ဈေးကောင်းသော်လည်း တောင်သူများ တွက်ချေမကိုက်

.

တောင်ကြီး၊ ဖေဖော်ဝါရီ ၄

.

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်အတွင်း ပန်းမုံလာစိမ်း ဈေးကောင်းရသော်လည်း ပန်းမုံလာစိုက် တောင်သူများအနေဖြင့် ခြံဖြတ်၀ယ်ယူသူများက တစ်ပွင့်လျှင် ၂၀၀ ကျပ်ခန့် သာ ဈေးဖြတ်၀ယ်ယူမှု ရှိနေသည့်အတွက် တွက်ချေမကိုက် ဖြစ်နေကြောင်း သိရသည်။

.

.

ပန်းမုံလာအစိမ်းသည် အပွင့်အနေအထားပေါ် မူတည်၍ ဈေးကွက်အတွင်း ၁၅၀၀ ကျပ်မှ ၂၀၀၀ ကျပ် အထိရောင်းချနေသော်လည်း အမှန်တကယ် စိုက်ပျိုးသည့်တောင်သူများမှာ ဈေးကောင်းမရဘဲ ဖြစ်နေ ကြောင်းသိရသည်။