.
တောင်ကြီး၊ အောက်တိုဘာ ၁၈
.
တောင်ကြီးမြို့ပေါ်ရှိ ပြည်သူများကြားတွင် တရားဝင်သဖွယ်
ဖြစ်လာနေသည့် အွန်လိုင်းဘောလုံး လောင်း ကစားဂိမ်းများနှင့် စလော့ဂိမ်းဆော့ကစားသူများပြားလာနေပြီး
နောက်ဆက်တွဲ ဆိုးကျိုးအနေဖြင့် ပစ္စည်း ခိုးယူမှုနှင့် လုယက်မှုများ မကြာခဏ ဖြစ်ပေါ်နေကြောင်း
ဒေသခံများထံက သိရသည်။
.
.အွန်လိုင်းလောင်းကစားဂိမ်း လုပ်ကိုင်သူအချို့သည်
တောင်ကြီးမြို့ပေါ်ရှိ လူစည်ကားရာ နေရာများနှင့် အမျိုးသားအများစုရှိတတ်သည့် ဆိုင်ကယ်ကယ်ရီဂိတ်များတွင်
လောင်းကစားနှင့် ပတ်သက်သည့် ဆွဲဆောင် စည်းရုံးမှုများ လိုက်လံပြုလုပ်နေကြောင်း ဆိုင်ကယ်ကယ်ရီမောင်းနှင်သူ
အချို့ထံက သိရသည်။

