.
လားရှိုး၊ မတ် ၁၈
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့တွင် ယမန်နေ့
မတ်လ ၁၇ ရက်၊ နံနက်ပိုင်းက စိတ်ကြွရူးသွပ်ဆေးပြား ၈၀၀၀ နှင့် ဘိန်းဖြူများ ဖမ်းဆီးရမိခဲ့ကြောင်း
သိရသည်။
.
.မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ
တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ မတ်လ ၁၇ ရက်၊ နံနက် ၁၀ နာရီခန့်တွင်
လားရှိုးမြို့၊ ရပ်ကွက် (၇)နေ လောက်ခမ်း (ခ) အားခမ်း ၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ
၎င်းထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၈၀၀၀ ပြား၊ ဒေသကာလတန်ဖိုးငွေကျပ် သိန်း ၈၀ နှင့်
ဘိန်းဖြူ အလေးချိန် ၁၀ ဂရမ်၊ ဒေသကာလတန်ဖိုးငွေကျပ် ၂ သိန်းတို့အား တွေ့ရှိသိမ်းဆည်း
ရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


