.
၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၂ ရက်
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့နယ်တွင်
ဧပြီလ ၁၀ ရက်က စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀၀၀ ကျော်အား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
.မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ
တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ ဧပြီလ ၁၀ ရက်၊ နံနက် ၈ နာရီခွဲခန့်က
ကျိုင်းတုံမြို့နယ်၊ ဟွေဆိုင်းကျေးရွာနေ ဒေါမိနစ် (ခ) လော်ဂျူး ၏ နေအိမ်အား
ဝင်ရောက်ရှာဖွေရာ နေအိမ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၇,၀၀၀
ပြား၊ ဒေသကာလတန်ဖိုးငွေကျပ် ၁၁၉ သိန်း အား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။


