Tuesday, February 10, 2026

🌸 ကျိုင်းတုံ နည်းပညာအထက်တန်းကျောင်းတွင် မီးလောင်မှုဖြစ်ပွား

.

ကျိုင်းတုံ၊ ဖေဖော်ဝါရီ ၁၀

.

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့နယ်၊ လွယ်မွေလမ်းရှိ နည်းပညာအထက်တန်းကျောင်းတွင် ယနေ့ ဖေဖော်ဝါရီလ ၁၀ ရက်၊ မွန်းလွဲပိုင်းက မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

.

.

ကျိုင်းတုံ နည်းပညာအထက်တန်းကျောင်းဝင်း အတွင်းရှိ ယာယီကျောင်းသားအဆောင်နှင့် စတိုဆောင် တို့တွင် ယနေ့ နေ့လယ် ၂ နာရီခွဲခန့်က မီးလောင်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မီးလောင်ရာသို့ ကျိုင်းတုံ ခရိုင်မီးသတ်စခန်းနှင့် မြို့နယ်မီးသတ်စခန်းတို့မှ မီးသတ်ယာဉ်များ၊ လူမှုရေးအသင်းများမှ သွားရောက် ငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။

.

မီးလောင်မှုမှာ ညနေ ၃ နာရီခန့်တွင် ငြိမ်းသွားခဲ့ပြီး အဆိုပါ မီးလောင်မှုကြောင့် လူထိခိုက်ဒဏ်ရာ ရရှိမှုမရှိကြောင်း သိရသည်။

.

#ShanGazette #KyaingTong #Fire

.

No comments:

Post a Comment