Tuesday, January 20, 2026

🌸 မူဆယ်တွင် ငွေကျပ် သိန်း ၁၇၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းမိ

.

မူဆယ်၊ ဇန်နဝါရီ ၂၁

.

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့တွင် ယမန်နေ့ ဇန်နဝါရီလ ၂၀ ရက်၊ ညပိုင်းက ငွေကျပ် သိန်း ၁၇၀၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများအား သယ်ဆောင်လာသူ ၂ ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

.

.

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ယမန်နေ့ ဇန်နဝါရီလ ၂၀ ရက်၊ ည ၇ နာရီ ၄၀ မိနစ်ခန့်က မူဆယ်မြို့၊ စွမ်စော်ရပ်ကွက်၊ မူဆယ်-နမ့်ခမ်းသွား ကားလမ်းတွင် မော်တော်ယာဉ်များအား စစ်ဆေးရှာဖွေစဉ်နေစဉ် နော်ဆိုင်းအောင် မောင်းနှင်ပြီး တန်ဂွန်း လိုက်ပါလာသည့် TOYOTA LANDCRUISER အမျိုးအစား မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင် သိုဝှက်သယ်ဆောင်လာသော စိတ်ကြွရူးသွပ်ဆေးပြား ၃၁၅,၉၀၀ ပြား၊ ဒေသကာလ တန်ဖိုးငွကျပ် ၁,၅၇၉ ဒသမ ၅ သိန်းနှင့် ဘိန်းစိမ်း အလေးချိန် ၁၅ ကီလို၊ ဒေသကာလတန်ဖိုးငွကျပ် ၁၃၅ သိန်းတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

အဆိုပါ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိမှုနှင့် ပတ်သက်၍ နော်ဆိုင်းအောင် နှင့် တန်ဂွန်း တို့နှစ်ဦဂအား မူဆယ်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း CCDAC MYANMAR က ထုတ်ပြန်ထားသည်။

.

#ShanGazette #Muse

.

No comments:

Post a Comment