Saturday, January 24, 2026

🌸 တောင်ကြီး-ဟိုပုံးလမ်းတွင် ဆီဘောက်ဆာတွဲယာဉ် တိမ်းမှောက်

.

တောင်ကြီး၊ ဇန်နဝါရီ ၂၅

.

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ တောင်ကြီး-ဟိုပုံးသွား ပြည်ထောင်စု လမ်းမကြီးတွင် ယမန်နေ့ ဇန်နဝါရီလ ၂၄ ရက်၊ ညနေပိုင်းက ဆီဘောက်ဆာ တွဲယာဉ်တစ်စီး တိမ်းမှောက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

.

.

တောင်ကြီးမြို့နယ်၊ န့်ဆီးကျေးရွာအုပ်စု၊ ရတနာဥယျာဉ်ရွာ၊ တောင်ကြီး-ဟိုပုံးသွား ပြည်ထောင်စုလမ်းမကြီး မိုင်တိုင်အမှတ် (၁၂၀/၃) နှင့် (၁၂၀/၄) အကြားတွင် ယမန်နေ့ ဇန်နဝါရီလ ၂၄ ရက်၊ ညနေ ၅ နာရီအချိန့်ခန့် က HINO အမျိုးအစား အဖြူရောင် ၂၂ ဘီး ဆီဘောက်ဆာ တွဲယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ လမ်းညာဘက် သို့ တိမ်းမှောက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားရာသို့ တောင်ကြီးခရိုင်မီးသတ်စခန်းမှ အုပ်ချုပ်မှုယာဉ် ၁ စီး၊ မီးငြှိမ်းသတ်ယာဉ် ၂ စီး၊ တောင်ကြီးမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် ၂ စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ် တပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများနှင့် ဆီဘောက်ဆာယာဉ်အား မီးလောင်မှုမဖြစ်ပွားစေရေး အအေးပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

.

#ShanGazette #Taunggyi #Accident

.

 

No comments:

Post a Comment