.
တောင်ကြီး၊ ဖေဖော်ဝါရီ ၁၅
.
ရှမ်းပြည်နယ်မြို့တော်၊ တောင်ကြီးမြို့နှင့် အခြားဒေသများသို့
ဘုရားဖူးခရီးရန် လာရောက်သည့် မှန်လုံ ခရီးသည်တင်ယာဉ်တစ်စီး ယမန်နေ့ ဖေဖော်ဝါရီလ ၁၄
ရက်၊ ညနေပိုင်းက ကလောမြို့နယ်၊ နန်းပန်တက် ကျေးရွာအနီးတွင် တိမ်းမှောက်မှု ဖြစ်ပွားခဲ့ကြောင်း
သိရသည်။
.
.အဆိုပါဘုရားဖူးယာဉ်သည် မန္တလေးတိုင်း၊ သာစည်မြို့နယ်၊
ပြည်ညောင်ကျေးရွာနှင့် ကလောမြို့နယ်၊ နန်းပန်တက်ကျေးရွာကြား မိတ္ထီလာ-တောင်ကြီး ပြည်ထောင်စုလမ်းမပေါ်တွင်
တိမ်းမှောက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
“အခုက ခရီးသွားတဲ့အချိန်ဆိုတော့ တောင်ကြီးဘက်ကိုလာတဲ့
ဧည့်သည်တွေများပါတယ်။ တောင်ပေါ် လမ်းတွေက မောင်းနေကျ မဟုတ်ရင် ယာဉ်မောင်းတွေအနေနဲ့
သတိထားဖို့တော့ လိုတာပေါ့။ ဘယ်သူ မှတော့ အခုလိုမျိုး မဖြစ်ချင်ကြပါဘူး” ဟု ခရီးသည်တင်ယာဉ်လိုင်းတစ်ခုမှ
ယာဉ်မောင်းတစ်ဦးက ရှမ်းဂေဇက်သတင်းမီဒီယာသို့ ပြောသည်။
.
ယခုရက်ပိုင်းသည် ရုံးပိတ်ရက်ရှည် ဖြစ်သည့်အတွက် ရှမ်းပြည်နယ်တောင်ပိုင်း
ဒေသအတွင်းရှိ တောင်ကြီးမြို့အပါအဝင် အင်းလေး၊ ပင်းတယ၊ ထမ်ဆမ်းဂူ၊ ကက္ကူမွေတော်ဘုရားများသို့
ဘုရားဖူး ခရီးသွားဧည့်သည် အများအပြား ဝင်ရောက်နေကြောင်း သိရသည်။
.
#ShanGazette #Taunggyi #Kalaw #Accident
.

No comments:
Post a Comment