Saturday, February 14, 2026

🌸 လားရှိုးမြို့၊ ရန်တိုင်းအောင်မြို့ဦးစေတီတော် တပေါင်းပွဲတော် ကျင်းပမည်

.

လားရှိုး၊ ဖေဖော်ဝါရီ ၁၅

.

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှို့မြို့ရှိ ရန်တိုင်းအောင် မြို့ဦးစေတီတော် တပေါင်းပွဲကို စည်ကားသိုက်မြိုက် စွာ ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

.

.

ရန်တိုင်းအောင် မြို့ဦးစေတီတော် တပေါင်းပွဲတော်အဖြစ် ၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်နေ့ (၂-၃-၂၀၂၆) ရက်နေ့တွင် ကျင်းပသွားမည်ဖြစ်ပြီး နံနက်ပိုင်းတွင် စေတီတော် အနေကဇာ ကပ်လှူမည်ဖြစ်ကာ မွန်းလွဲပိုင်းတွင် လားရှိုးမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်း ၅၄ ကျောင်းမှ ဆရာတော်၊ သံဃာတော် အပါး ၁၅၀ နှင့် သီလရှင် ကျောင်းတိုက် ၁၀ တိုက်မှ တိုက်အုပ်သီလရှင်ကြီးများ အပါအဝင် ဆရာလေး အပါး ၃၀ တို့ကို ဆွမ်းဆမ်စိန်း လောင်းလှူသွားမည်ဖြစ်ကြောင်း သိရသည်။

.

စေတနာရှင် ပြည်သူများအ‌နေဖြင့် ဆွမ်းဆန်စိမ်း လောင်းလှူပွဲတွင် ကိုယ်တိုင်ပါဝင် လှူဒန်းနိုင်သလို အလှူငွေများ လှူဒါန်းလိုပါကလည်း အလှူခံမဏ္ဍပ်တွင် လှူဒါန်းနိုင်ကြောင်း ရန်တိုင်းအောင်စေတီတော် ဂေါပက ဦးစိန်ထွန်းက ပြောသည်။

.

ရန်တိုင်းအောင် စေတီတော်မြတ်ကြီး၏ တပေါင်းပွဲတော် ဆွမ်းဆန်စိမ်းလောင်းလှူပွဲတွင်‌ လားရှိုးမြို့ပေါ်ရှိ ဌာနဆိုင်ရာများ၊ ဝတ်အသင်းများ၊ ပရဟိတအသင်းအဖွဲ့များက ဒေသခံ စေတနာရှင်ပြည်သူများနှင့် အတူ ပါဝင်ကုသိုလ်ယူ လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။

.

#ShanGazette #Lashio

.

No comments:

Post a Comment