Tuesday, September 30, 2025

🌸 ရှမ်းဂေဇက်မီဒီယာ (Shan Gazette Media) ၏ မူဝါဒများ

.


.

ရှမ်းဂေဇက်မီဒီယာ (Shan Gazette Media) အနေဖြင့် အောက်ပါ မူဝါဒများအတိုင်း သတင်းများကို ‌ရေးသား ထုတ်လွှင့် တင်ဆက်သွားမည်ဖြစ်ပါသည်-

၁။        ရှမ်းဂေဇက်မီဒီယာ (Shan Gazette Media) အနေဖြင့် တည်ဆဲဥပဒေများ၊ သတင်းမီဒီယာဥပဒေ၊ သတင်းမီဒီယာ ကျင့်ဝတ်များအပြင် နိုင်ငံတော်အစိုးရ၊ ရှမ်းပြည်နယ်အစိုးရ၊ ပြန်ကြားရေးဝန်ကြီးဌာန နှင့် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီတို့မှ ချမှတ်ထာားသော အမိန့်နှင့် ညွှန်ကြားချက်များကို လိုက်နာ၍ ရေးသား ထုတ်လွှင့် တင်ဆက်သွားမည်။

၂။         သတင်းမီဒီယာ ပီသစွာဖြင့် ဘက်လိုက်မှုကင်းကင်းဖြင့် တိကျမှန်ကန်၍ အဆိပ်အတောက်ကင်းသော သတင်းအချက်အလက်များကို စာဖတ်သူ ပြည်သူလူထုထံ သတင်းရေးသားထုတ်လွှင့် တင်ဆက်သွား မည်။

၃။        ရှမ်းဂေဇက်မီဒီယာ (Shan Gazette Media) ၏ ဝန်ထမ်းများ အားလုံးအနေဖြင့် အနှောင်အဖွဲ့ မကင်းသော မည်သည့် ပြည်တွင်း၊ ပြည်ပ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများထံမှ ငွေကြေး နှင့် အခြားအခွင့်အရေး၊ တံစိုးလက်ဆောင်များ ရယူသွားမည်မဟုတ်ကြောင်းကို မူဝါဒတစ်ရပ် အနေ ဖြင့် ချမှတ်ထားပါသည်။

၄။        ဘက်လိုက်မှုကင်းပြီး သမာသမတ်ကျသော သတင်းဌာနတစ်ခုအနေဖြင့် သတင်းဌာနရေရှည်ရပ်တည် နိုင်ရေးအတွက် တရားဝင်ရရှိထိုက်သော ကြော်ငြာထည့်ဝင်မှုများမှ ရရှိငွေကိုသာ လက်ခံရယူသွား မည် ဖြစ်ပါသည်။

 

 

 

                                                                                                                          အယ်ဒီတာချုပ်

🌸 ရှမ်းဂေဇက်မီဒီယာ (Shan Gazette Media) တည်ထောင်ရခြင်း၏ ရည်ရွယ်ချက်များ

.

.

ရှမ်းဂေဇက်မီဒီယာ (Shan Gazette Media) တည်ထောင်ရခြင်း၏ ရည်ရွယ်ချက်များမှာ အောက်ပါတိုင်း ဖြစ်ပါသည်-

၁။        ရှမ်းပြည်နယ်ဒေသအတွင်း အားနည်းနေလျက်ရှိသော သတင်းမီဒီယာ အခန်းကဏ္ဍ မြှင့်တင်ရေးတွင် တစ်ဘက် တစ်လမ်းမှ ပါဝင်အားဖြည့် ကူညီပေးနိုင်ရန်။

၂။         ရှမ်းပြည်နယ်ဒေသတွင်းရှိ ပြည်သူမျာ၏ သတင်း သိပိုင်ခွင့် ရရှိရေးအတွက် တစ်ဘက်တစ်လမ်းမှ ဆောင်ရွက် ပေးနိုင်ရန်။

၃။        သတင်းတု၊ သတင်းယောင်များနှင့် ပုံဖျက်ထားသော သတင်းများ၏ အန္ဒရာယ်ကို ပြည်သူများ သိရှိ ရှောင်ရှားနိုင်ပြီး တိကျမှန်ကန်သော သတင်းအချက်အလက်များကို ပိုမိုရရှိနိုင်စေရန်။

၄။        ရှမ်းပြည်နယ် ပြည်သူလူထု၏ အားကိုး အားထားရာ သတင်းမီဒီယာတစ်ခုအဖြစ် ပြည်သူ့ဘက်မှ မားမားမတ်မတ် ရပ်တည်သွားနိုင်ရန်။

၅။        ဒေသတွင်းသတင်းများသာ ပြည်တွင်း/ပြည်ပမှ လူထထု စိတ်ဝင်စားမည့် ထူးခြားဖြစ်စဉ်သတင်းများ၊ စီးပွားရေး၊ လူမှုရေးသတင်းများအပြင် အနုပညာနှင့် အားကစားသတင်းများကိုလည်း စာဖတ်သူ ပရိသတ်များထံသို့ အချိန်နှင့်တစ်ပြေးညီ တင်ဆက်ပေးနိုင်ရန်။

 

 

 

 

                                                                                                                          အယ်ဒီတာချုပ်

🌸 ရေအောက်နစ်မြုပ်ခဲ့သည့် အင်းလေးကန်ရှိ ဟင်္သာတိုင်ကို ပြန်လည်ဆည်ယူ

.

ညောင်ရွှေ၊ စက်တင်ဘာ ၃၀

.

ယမန်နေ့ စက်တင်ဘာလ ၂၉ ရက်၊ ညနေပိုင်းက အင်းလေးကန် ရေပြင်အောက်သို့ နစ်မြုပ်ခဲ့သည့် အမှတ် အသားပြု ဟင်္သာတိုင်ကို ယနေ့ စက်တင်ဘာလ ၃၀ ရက်၊ နေ့လယ်ပိုင်းတွင် ပြန်လည်ဆည်ယူ ပြီးစီးပြီ ဖြစ်ကြောင်း သိရသည်။

.

.

ညောင်ရွှေမြို့နယ်၊ အင်းလေးကန်အနောက်ဘက်၊ မြေနီကုန်းရွာအနီးရှိ ဟင်္သာတိုင်သည် ငလျင်ဒဏ်၊ ရေဘေးဒဏ်၊ လေ‌ပြင်းဒဏ်နှင့် ကျွန်းမျောပိတ်သည့်ဒဏ်များကြောင့် ယမန်နေ့ စက်တင်ဘာလ ၂၉ ရက်၊ ညနေပိုင်းက တိမ်းစောင်းကာ နစ်မြုပ်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

🌸“ဝ” တောင်ပိုင်းတွင် ဖမ်းဆီးရမိသည့် စိတ်ကြွရူးသွပ်ဆေးပြား ၁၄ သန်းခန့်ကို ရဲတပ်ဖွဲ့ထံ လွှဲပြောင်းအပ်နှံ

.

မိုင်းတုံ၊ စက်တင်ဘာ ၃၀

.

“ဝ” တောင်ပိုင်း အမှတ် (၁၇၁) စစ်ဒေသအတွင်းရှိ မူးယစ်တိုက်ဖျက်ရေးအဖွဲ့မှ ဖမ်းဆီးရမိခဲ့သည့် စိတ်ကြွ ရူးသွပ်ဆေးပြား ၁၄ သန်းခန့်ကို ယမန်နေ့ စက်တင်ဘာလ ၂၉ ရက်က မိုင်းတုံမြို့နယ်၊ ဟွေအောဒေသ၌ ရဲတပ်ဖွဲ့ထံသို့ လွှဲပြောင်းအပ်နှံခဲ့သည်ဟု သိရသည်။

.

.

အဆိုပါ စိတ်ကြွရူးသွပ်ဆေးပြားများကို “ဝ” တောင်ပိုင်း အမှတ် (၁၇၁) စစ်ဒေသ မူးယစ်တိုက်ဖျက်ရေး အဖွဲ့က ၂၀၂၅ ခုနှစ်၊ ဇူလိုင်လမှ စက်တင်ဘာလအတွင်း ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

🌸 တောင်ကြီးမြိုပေါ်တွင် ကုန်တင်တွဲယာဉ်များဖြတ်သန်းချိန် ယာဉ်တိုက်မှုအန္တရာယ် စိုးရိမ်နေရ

.

တောင်ကြီး၊ စက်တင်ဘာ ၂၉

.

.

တောင်ကြီးမြိုပေါ်တွင် ကုန်တင်ယာဉ်များ၊ တွဲယာဉ်များ ဖြတ်သန်းသွားလာချိန်များ၌ ယာဉ်ကြော ပိတ်ဆိုမှုများ နေ့စဉ်ဖြစ်ပေါ်နေပြီး ယာဉ်တိုက်မှုအန္တရာယ်အတွက် စိုးရိမ်နေရကြောင်း မြိုပေါ်နေ ပြည်သူများထံကသိရသည်။